18

1.2K 252 11
                                    

{Zawgyi}

[ အကျဉ်းချုပ် : ရှောင်န်းက သေသွားပြီ ]

•ရှောင်ဟန်း•

မျက်တောင်တစ်ခတ်အတွင်း ဖေဖော်ဝါရီလ ၁၃ရက်နေ့ကို ရောက်ရှိလာတယ်။

ချစ်သူများနေ့မတိုင်ခင်တစ်ရက်၊ နာမည်ကျော်ကြီး လော့ယွီချန်ရဲ့ မျှော်လင့်စောင့်စားနေရတဲ့ အယ်လ်ဘမ်အသစ်က ရောင်းချတော့မှာဖြစ်တယ်။

သီချင်းဆိုင်တွေမှာလည်း လော့ယွီချန်ရဲ့ကြီးမားတဲ့ပိုစတာတွေနဲ့ ပြည့်နှက်နေပြီဖြစ်ကာ အယ်လ်ဘမ်အသစ်ကို စင်ပေါ်တင်ဖို့ စောင့်နေကြတယ်။

ဒီတစ်ကြိမ်ပိုစတာက သူ့ရဲ့ပုံမှန်မှောင်မည်းအေးစက်ကာ အကြင်နာတရားကင်းမဲ့တဲ့ပုံစံနဲ့မတူ ကွဲပြားနေတယ်။

သူက ရွှေရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ချိုချဉ်ရောင်ဖဲပြားပုံလည်စည်းနဲ့အတူ ဟိတ်ဟန်ကြီးတဲ့ ကတ္တီပါသားခွေးရုပ်အကြီးကြီးကို ဖက်ထားကာ သူ့အပြုံးကလည်း အတော်လေး အရောင်အဝါတွေ လင်းလက်နေတယ်။

ကျွန်တော့်ရဲ့ လော့ယွီချန်က ဘယ်တုန်းကများ ဒီလောက်ထိ ချစ်ဖို့ကောင်းသွားရတာလဲ? ဘာအားအင်မှမရှိတော့ဘဲ ကျွန်တော်လည်း ထိုပိုစတာကို စိုက်ကြည့်ရင်း အဲ့အနားက လုံးဝကို မခွာနိုင်ဖြစ်နေရတယ်။

ကျွန်တော်သာ သက်ရှိထင်ရှားရှိနေအုံးမယ်ဆိုရင် ဒီပိုစတာကို နံရံကပ်စက္ကူအဖြစ် ပြောင်းရုံတင်မကဘူး၊ ကျွန်တော့်ရဲ့လက်ဝါးကြီးအုပ်ချင်တဲ့ဆန္ဒနဲ့ ကျွန်တော့်ရဲ့ မြောက်မြားစွာသော မလျော်ကန်တဲ့စိတ်ကူးတွေကို သက်သာရာရစေဖို့အတွက် အဲ့တာကို ဖက်ခေါင်းအုံးတစ်ခုအဖြစ်တောင် တန်းပြီးပြောင်းလိုက်လောက်တယ်။

သို့ပေမယ့် ဒီနေ့မှာတော့ တကယ့်လော့ယွီချန်က အုံ့ဆိုင်းနေတဲ့ရေခဲတောင်ကြီးတစ်တောင်လို ဖြစ်နေတုန်းပဲ။

ရှမင်ရှုရဲ့ အညှာအတာမဲ့လှောင်ပြောင်သရော်မှုတွေအောက်မှာ သူကတော့ အတောမသတ်နိုင်အောင် မျက်တွင်းတွေကျနေတဲ့ပုံပေါ်တယ်။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now