14

1.2K 208 10
                                    

{Zawgyi}

[ အကျဉ်းချုပ် : ငါတို့တွေချိန်တွေအကြာကြီးတူရှိလိမ့်ယ်လို့ ငါအမြဲင်ထားခဲ့ယ် ]

•ရှောင်ဟန်း•

ကျွန်တော် မသေခင်မှာ ကိစ္စပေါင်းများစွာကို ရှင်းရှင်းလင်းလင်းသိခဲ့ရတယ်။

လော့ယွီချန်ကို ကျွန်တော့်ရဲ့ရှိသမျှ အရာအားလုံးပုံအပ်ပြီး ချစ်ခဲ့တယ်။

နောက်ပြီး လော့ယွီချန်က လေးလေးနက်နက်ကို ရှမင်ရှုနဲ့ နှစ်ကိုယ်တူချစ်ခဲ့ကြပြီး ကျွန်တော့်ကို လုံးလုံးလျားလျား လျစ်လျူရှုခဲ့တယ်။

ကျွန်တော့်မှာ ဖြစ်နေတဲ့ ဒီလိုအဓိပ္ပါယ်မဲ့ သုံးပွင့်ဆိုင်အချစ်ကို မလွှဲမရှောင်သာ လက်မလွှတ်နိုင်ဘဲ နှောင့်နှေးနေခဲ့မိတယ်။ ကျွန်ာတေ့်ရဲ့ ဆေးစစ်ချက်မှတ်တမ်းကိုရပြီး ဆရာဝန်က ကျွန်တော့်ရဲ့လက်ကျန်သက်တမ်းက ဘယ်လိုတောင် မရေမရာဖြစ်နေပြီဆိုပြီး ပြောတာကို ကျွန်တော့်နားနဲ့ ဆက်ဆက်ကြားလိုက်ရတော့မှသာ နောက်ဆုံး နိုးထလာပြီး နာတာရှည်ဝေဒနာကို ခံစားရတာထက် ဒီလိုလုပ်လိုက်တာပိုကောင်းမယ်လို့ ဆုံးဖြတ်လိုက်တော့တယ်။

အစကတော့ ဒီဟာက မှန်ကန်တဲ့ရွေးခြယ်မှုဖြစ်တယ်ဆိုတာ ကျွန်တော့်အတွက် ရာနှုန်းပြည့် သေချာခဲ့တယ်။

ကျွန်တော့်ရဲ့သက်တမ်းကလည်း များများစားစား ကျန်တော့မှာမဟုတ်သလို အမှားတွေလည်း တော်တော်လေးလုပ်ခဲ့မိတယ်။ အများကြီးခက်ခက်ခဲခဲနဲ့ အဆုံးသတ်ဖို့ လုပ်နိုင်ခဲ့တဲ့နောက်မှာ လက်လွှတ်လိုက်တဲ့ နောက်ဆုံးလုပ်ရပ်က အမှားတစ်ခုဖြစ်ဖို့ဆိုတာတော့ မဖြစ်နိုင်လောက်ဘူးလို့ ကျွန်တော် အစက ယုံကြည်ခဲ့တယ်။

ဒါပေမယ့် ဘာကြောင့်... တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။

သူနဲ့ ရှမင်ရှုက အချင်းချင်း သကာစမ်းထားတဲ့အချစ်ရှိနေတယ်ဆိုတာ အရှင်းသားကြီးဖြစ်ပေမယ့် အခုကျတော့ ဘာတွေဖြစ်နေတာလဲ?

"အဲ့နေ့တုန်းက ကိုယ် အစာအိမ်နာနေခဲ့တာ ပြီးတော့ သူက ကိုယ့်ကို တစ်ညလုံး ပြုစုပေးသွားတဲ့ပုံပဲ" လော့ယွီချန် မျက်လွှာချသွားပြီး သူ့ရဲ့ဖြူဖျော့ဖျော့ပါးတွေပေါ်မှာ ရှက်သွေးဖြာနေတာကို အရှင်းသား မြင်နေရတယ်။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now