36

1.4K 220 19
                                    

{Zawgyi}

[ အကျဉ်းချုပ် : ကျွန်တော့်ရဲ့ခံစားချက်တွေကို သူက ဘာကြောင့် သံသယဝင်နေရသေးတာလဲ? ]

•လော့ယွီချန်•

အဲ့နောက်ပိုင်း ထိုဆေးရုံထဲကနေ ကျွန်တော် ဘယ်လိုထွက်လာခဲ့မှန်းတောင် မမှတ်မိတော့ဘူး။

ကျွန်တော် အိမ်ပြန်ရောက်တဲ့အခါ တစ်နေကုန် အိပ်ပစ်လိုက်တယ်။

ဒီနှစ်ဝက်အတွင်းမှာ ရိုလာကိုစတာလို အနိမ့်အမြင့်အတက်အကျတွေကို ကျော်ဖြတ်ပြီး မျှော်လင့်ချက်နဲ့ စိတ်ပျက်အားငယ်မှုစတဲ့ အရာအားလုံးက ကျွန်တော့်ရဲ့လျော့ရဲနေတဲ့ စိတ်ဝင်ဉာဉ်ကို တစ်ချိန်တည်းမှာ ညှင်းပန်းနှိပ်စက်နေခဲ့တာကြောင့် ကျွန်တော့်ရဲ့နှလုံးသားက ဆွဲဆန့်နိုင်စွမ်းမရှိတော့တဲ့ သရေကွင်းတစ်ကွင်းလိုမျိုး ဖြစ်နေခဲ့တယ်။

ဒါက ကျွန်တော်ဝဋ်လည်တာပဲ။

ဒီဝမ်းနည်းမှုတွေအားလုံးက ကျွန်တော့်ရဲ့ဝဋ်ကြွေးတွေပဲ။

နောက်ကာလတစ်ခုလောက်အထိ ကျွန်တော် ဘာဆိုဘာမှ မတွေးနိုင်အောင် အလုပ်ကိုသာ ကြိုးကြိုးစားစား ဆက်လုပ်နေခဲ့တယ်။ နေ့တိုင်းဆိုသလို လုံးဝဂျုံးဂျုံးကျကာ အိပ်ရာပေါ် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားပြီး နောက်တစ်နေ့ ပြန်နိုးလာတဲ့အခါ အားလုံးကို ဒီအတိုင်းပြန်ထပ်လုပ်တယ်။

ကျွန်တော် အိမ်မက်,မက်တဲ့အချိန်ဆို ရှောင်ဟန်းအကြောင်းမက်တယ်။

သူက ကျွန်တော့်ကို အပြင်ထွက်လည်ဖို့ခေါ်ပြီး နေ့ခင်းပိုင်း လက်ဖက်ရည်လေးထိုင်သောက်ကာ အတူတူ စကားပြောရင်း အချိန်ကုန်ဆုံးကြတယ်။ အိမ်မက်ထဲမှာ သူက အလွန်ကိုပျော်ရွှင်စွာ ပြုံးနေခဲ့ပြီး ကျွန်တော်တို့ ခွင့်လွှတ်ပေးမှာဖြစ်တဲ့အတွက် နောက်တစ်ကြိမ်ပြန်စနိုင်ကြောင်း ပြောခဲ့တယ်။

သူ့ရဲ့စကားလုံးတိုင်း၊ အသေးစိတ် လှုပ်ရှားမှုတိုင်းက ထူးခြားလှစွာ တကယ့်အစစ်နဲ့တောင် တူနေတယ်။

တကယ့်အစစ်နဲ့ တူလွန်းတာကြောင့် ကျွန်တော် နိုးလာချိန်မှာ ကျွန်တော့်ဖုန်းကို ကောက်ဆွဲပြီး caller IDကို ထပ်တလဲလဲစစ်ဆေးကြည့်ခဲ့ပေမယ့် ဘယ်သူမှ ကျွန်တော့်ကို ဖုန်းမခေါ်ထားဘူးဆိုတာ အတည်ပြုလိုက်ရတယ်။ အဲ့တော့မှသာ အရာအားလုံးက စိတ်ကူးယဉ်အိမ်မက်တစ်ခုဆိုတာ ကျွန်တော် သိလိုက်ရတယ်။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now