38

1.1K 204 14
                                    

{Zawgyi}

[ အကျဉ်းချုပ် : သွေးနီရောင် နှလုံးသား ]

•လော့ယွီချန်•

ဒါက နက်နက်ရှိုင်းရှိုင်းမဟုတ်ဘဲ နှုတ်ခမ်းစေ့ပြီးနမ်းတဲ့ အနမ်းတစ်ခုဖြစ်တယ်ဆိုပေမယ့် ကျွန်တော် နောက်ဆုတ်ဖို့ တွန့်ဆုတ်နေမိတယ်။

သူက ကျွန်တော့်ရဲ့အနမ်းကို မခုခံပေမယ့် နောက်ဆက်တွဲ ရှည်ကြာလာတာကိုတော့ ခုခံလာတယ်။

ဘာအင်အားမှ အသုံးမပြုခဲ့ပေမယ့် အတော်လေး ပြတ်သားနေတုန်းပဲ။ တွန့်ဆုတ်နေတဲ့ ကျွန်တော့်ကို သူ နောက်ပြန်တွန်းလိုက်တော့မှသာ သူ့အမူအယာက ကြည်ကြည်လင်လင်ဖြစ်နေဆဲဆိုတာ တွေ့လိုက်ရတယ်။ ဘာဆိုဘာမှ မဖြစ်ခဲ့သလိုမျိုး ဇဝေဇဝါဖြစ်နေတဲ့ပုံ နည်းနည်းလေးတောင် ရှိမနေဘူး။

အရင်ကဆို သူဒီလိုမျိုး မဟုတ်ဘူး။

ကျွန်တော့်နှလုံးသားက စူးရှနာကျင်လာပြီး ဒါက ဖြစ်လိုရာဖြစ်ဆိုပြီး ကြိတ်မှိတ်သည်းခံနေတာ မဟုတ်ဘူးလို့ အော်ဟစ်နေမိတယ်။

ဒါက ရံဖန်ရံခါ ကျွန်တော် သူ့အပေါ် နူးညံ့ပေးမိတဲ့အချိန်ဆို သူ ပြသလာတတ်တဲ့ အိမ်မက်တစ်ခုထဲက နိုးထလာသလိုမျိုး အဆုံးမရှိ ချစ်စဖွယ်ကောင်းတဲ့အမူအယာလေးနဲ့ မိန်းမောနေတတ်တဲ့ပုံမျိုးကို သူ့မျက်နှာပေါ်မှာ နောက်ထပ် ဘယ်တော့မှ မတွေ့နိုင်တော့ဘူးလို့ ဆိုလိုတာလား?

အဲ့လိုလူမျိုးကို သေတဲ့အထိ ဖိအားပေးခဲ့တာက ကျွန်တော်လား?

သူ့ရဲ့အဲ့လိုပုံစံက နောက်ဘယ်တော့မှ ထပ်မရနိုင်တော့ဘူးလား?

ကျွန်တော့်ရဲ့အနမ်း၊ ကျွန်တော့်ရဲ့အချစ်၊ သူ့ကို သေသေချာချာ တန်ဖိုးထားပေးချင်တဲ့ ကျွန်တော့်ရဲ့ ခံစားချက်တွေ။

ကြည့်ရတာ သူ့ရဲ့ မိန်းမောပျော်ရွှင်နေတဲ့အမူအယာ ဒါမှမဟုတ် အလုံးစုံအားရကျေနပ်တဲ့အမူအယာကို ထုတ်ပြတတ်တဲ့ သူ့ရဲ့အရင်လိုပုံစံကို ပြန်ရအောင် လုပ်နိုင်တာ ဘာမှမရှိတော့သလိုပဲ။

ဦးဆုံးအခိုက်အတန့်မှာ ကျွန်တော် ကောင်းကင်ဘုံကို ရောက်သွားတယ်လို့ ခံစားမိလိုက်ပေမယ့် နောက်ခဏမှာတော့ ငရဲဆီ တစ်ဖန် ပြုတ်ကျသွားရပြန်တယ်။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now