46

971 113 2
                                    


{Zawgyi}

[ အကျဉ်းချုပ် : ရွှေရောင်ဂျင်ကိုရွက်များ ]

ဒီအချပ်ပိုစီးရီးတွေအတွက် အကြမ်းဖျင်းအကြောင်းအရာ သတိပေးချက် : လော့ယွီချန်နှင့်ရှောင်ဟန်းတို့က ဒီတစ်ခုမှာ မွေးစားညီအစ်ကိုတွေဖြစ်ပါတယ်။

•စာအုပ်မှ အထူးသီးသန့်အချပ်ပို : FALLEN 2•

အမြင့်ပိုင်းဆီက သစ်ကိုင်းများမှ ရွှေရောင်ဂျင်ကိုရွက်များက မြေပြင်ပေါ်ကို ဖြေးညှင်းစွာ ဝေ့ဝဲကျရောက်လာပြီး နေရာတစ်ခုလုံးကို ရွှေဝါရောင်တွေနဲ့ ဖုံးလွှမ်းသွားစေတယ်။

လှေကားထစ်တွေပေါ်က ခန့်ညားတဲ့လူငယ်လေးက ခေါင်းကိုမော့ကာ သူ့ရဲ့မီးတောင်ထွက်ကျောက်လို မျက်လုံးတွေနဲ့ မိုးပြာရောင်ကောင်းကင်ကြီးကို တိတ်တဆိတ်ကြည့်လိုက်တယ်။

တစ်ခါတစ်လေ သွမ့်ယိ အသေးအဖွဲကလေးတွေကို ရုတ်တရက် မေ့သွားလေ့ရှိတယ်။

ဥပမာအနေနဲ့ သူနဲ့ အဲ့လူရဲ့ဆက်ဆံရေးက တည်ငြိမ်နေကာမှ တစ်ဆင့်ပြီးတစ်ဆင့် ဘယ်လိုဘယ်ပုံဆိုးရွားလာရတာလဲ?

......

သူ မျက်လုံးမှိတ်လိုက်တဲ့အချိန်တိုင်း သူ ငယ်ရွယ်တုန်းကအချိန်ကို မှတ်မိနေတုန်းပဲ။

အနောက်တိုင်းစတိုင် အဖြူရောင်ဗီလာကြီးရဲ့လှေကားဘေးက သစ်ပင်ရိပ်အောက်မှာ သူ နားနားနေနေ,နေကာ သူ့ 'အစ်ကို'ကို ပူပန်သောကမဲ့စွာ မှီထားဖူးတယ်။ စူးရှတဲ့နေရောင်ခြည်က သစ်ပင်ထိပ်ဖျားကနေ တိုးဝင်လာပြီး သူ့ရဲ့နူးညံ့တဲ့ပါးပြင်တွေပေါ်ကို ကျရောက်လာကာ အိပ်ချင်မူးတူးဖြစ်စေလောက်တဲ့အထိ နွေးထွေးလှတယ်။

သူ့အစ်ကို၊ သူ့ထက်နှစ်နှစ်ပိုကြီးတဲ့လူက အမြဲတမ်းဆိုသလို သူ့အပေါ် အလိုလိုက်ကာ ဂရုတစိုက်ရှိပြီး သူ့အတွက်တော့ နှိုင်းဆလို့မရအောင် စိတ်အေးလက်အေး ခံစားရစေတဲ့ တည်ရှိမှုတစ်ခုဖြစ်တယ်။

"ရှောင်ယိက ရှောင်ဟန်းကောကို အချစ်ဆုံးပဲ"

သူအဲ့လိုပြောချိန်တိုင်းမှာ ထိုကောင်လေးက ခပ်ပါးပါးလေး ပြုံးပြတတ်တယ်။ မသိရင် အဖိုးတန်တစ်စုံတစ်ရာကို ကြည့်နေသလိုမျိုး ထိုမျက်လုံးကြည်ကြည်လေးတွေက အလင်းရောင်တွေ တောက်ပနေတတ်တယ်။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now