15

1.2K 218 4
                                    

{Zawgyi}

[ အကျဉ်းချုပ် : ငါတို့မှာ တကယ်ကြီး 'အကယ်၍'ဆိုတာသာ ရှိခဲ့င် ]

•ရှောင်ဟန်း•

အရင်က ကျွန်တော် စိုးရိမ်ခဲ့ရတာက တကယ်တမ်းမှာ ဖြစ်မလာခဲ့ဘူး။

လော့ယွီချန်က ရှင်းပြလို့မတတ်တဲ့ကိစ္စတွေ အများကြီးလုပ်ခဲ့တယ်ဆိုပေမယ့် သူ့ခံစားချက်တွေကတော့ သေချာပေါက် ရှမင်ရှုအပေါ်မှာ ရှိနေတုန်းပဲ။

ဒါက ဖြစ်သင့်တာပဲလေ။ ဒီလူက ကျွန်တော့်ကို ဆယ်နှစ်တာလုံး မချစ်နိုင်ခဲ့တာကို တကယ်လို့များ နေ့ချင်းညချင်းကြီး သူက ကျွန်တော့်ကို ရုတ်တရက်ချစ်လာတယ်ဆိုတာက စိတ်ကူးယဉ်နေတာပဲ။

ရှမင်ရှု Milanကို ခရီးထွက်ရတဲ့ ဒုတိယမြောက်နေ့မှာ လော့ယွီချန်က တစ်နေကုန် ဓာတ်ပုံတွေ သိမ်းဆည်းရင်း အချိန်ကုန်ဆုံးခဲ့တယ်။

သူက အဲ့တာတွေကို ဂရုတစိုက် သိမ်းဆည်းကာ တစ်ခုချင်းဆီကို လိုက်ကြည့်နေတယ်။ ဒါပေမယ့် ဘာကြီးဖြစ်နေနေ ဓာတ်ပုံတွေက သူနဲ့သူ့မိဘတွေ ဒါမှမဟုတ် သူနဲ့ ရှမင်ရှုပုံတွေသာဖြစ်တယ်။ သူ ဘာကိုရှာနေမှန်း ကျွန်တော်လည်း မသိဘူး။

နောက်တော့ သူက ဓာတ်ပုံတစ်ပုံ ကောက်ယူလိုက်ပြီး အတော်လေး ဝမ်းသာသွားပုံလည်းပေါ်တယ်။

ဓာတ်ပုံက ပျော်စရာကောင်းတဲ့ပန်းခြံတစ်ခုရဲ့ မှိတ်တုတ်မှိတ်တုတ် သက်တံ့ရောင်ချားတစ်ခုဖြစ်တယ်။ ရှမင်ရှုက မြင်းတစ်ကောင် စီးနေပြီး လော့ယွီချန်က နောက်တစ်ကောင်ပေါ်မှာရှိနေကာ မှီထားတဲ့ပုံဖြစ်တယ်။ လူနှစ်ယောက်ရဲ့အပြုံးတွေက အတော်လေး ပျော်ရွှင်နေပုံပေါ်တယ်။

ထိုနေ့က သူ့မွေးနေ့ ခရစ်စမတ်ပွဲတော်ရက်ဖြစ်တယ်။ နှစ်အတိအကျကိုတော့ မမှတ်မိပေမယ့် ဒါက သေချာပေါက် ဒီဆယ်နှစ်အတွင်းထဲက တစ်နှစ်နှစ်ဖြစ်မယ်ဆိုတာတော့ သေချာတယ်။

ပန်းခြံမှာ တစ်နှစ်တစ်ကြိမ် ညလုံးပေါက် ခရစ်စမတ်ပါတီတစ်ခုရှိတယ်။

သူ့မွေးနေ့တွေမှာဆို ကျွန်တော်က အမြဲတမ်းဆိုသလို အလွန်တရာ သဘောထားကြီးပေးခဲ့တယ်။ ကျွန်တော်တို့နဲ့ အတူဆင်နွှဲဖို့ ရှောင်လုနဲ့ တခြားသူငယ်ချင်းတွေကို ဆွဲခေါ်ရုံတင်မက ရှမင်ရှုကို ဖိတ်စာပို့ပေးတဲ့အထိတောင် လုပ်ခဲ့တယ်။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now