06

1.2K 212 11
                                    


{Zawgyi}

[ အကျဉ်းချုပ် : လော့ယွီချန်င်းက အားလုံးကို နာကျင်ပူလောင်အောင်န်တီးခဲ့ယ်၊ မင်းက သားရိုင်းကောင်စ်ကောင်ပဲ ]

•ရှောင်ဟန်း•

လော့ယွီချန်ရဲ့အနားမှာ ကျွန်တော် တွယ်ကပ်နေရတာ ရက်သတ္တပတ်အတော်ကြာနေပြီ။

တစ်ခါတစ်ရံများဆို လုံးဝကို ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ သူ့ရဲ့တစ်ဖက်ခြမ်းကို မြင်ရတဲ့အခါ ကျွန်တော် မှင်သက်မိတယ်။

လုပ်ငန်းခွင်ထဲမှာလည်း သူက လူတိုင်းရဲ့အာရုံစိုက်မှုဗဟိုချက်ဖြစ်နေမှန်း အသိသာကြီးဆိုရင်တောင် သူကတော့ တစ်သီးတစ်သန့်နဲ့ အဖက်မတန်သလိုပုံ ပေါ်နေတုန်းပဲ။

သူ့ရဲ့အာရုံက ဘယ်ဆီရောက်နေမှန်း ဘယ်သူမှ မသိနိုင်ဘဲ သူ့ရဲ့အတွေးတွေထဲမှာပဲ နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေပုံပေါ်တယ်။

ဆယ်နှစ်တာ တွယ်ကပ်ခဲ့ပြီးတဲ့နောက် အဆုံးမှာ ဒီလိုမျိုးကပ်တွယ်တတ်တဲ့ကျွန်တော်က သူ့ဘေးကနေ ထွက်သွားပေးခဲ့တာကြောင့် သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ မြူးတူးနေသင့်တယ်။ ဒါပေမယ့် ဒီရက်တွေထဲမှာ သူ့စိတ်အခြေအနေက အထူးတလည်ပြောင်းလဲသွားတာမျိုးကို ကျွန်တော် မမြင်ခဲ့ရဘူး။

အတိတ်တုန်းက သူဆိုတာ ခံစားချက်တွေ မျက်နှာပေါ်မှာ အတိုင်းသားချရေးထားသလိုမျိုး ပေါ်နေတတ်တဲ့လူစားမျိုးဖြစ်တယ်။

သူ ပျော်နေတဲ့အချိန်ဆို သူ့တစ်ကိုယ်လုံးက နေရောင်ထိုးထားသလို ဝင်းပနေပြီး သူ အားလျော့နေချိန်မှာတော့ သူ့ခေါင်းပေါ်မှာ အနက်ရောင်တိမ်တိုက်ကြီးတစ်ခုက အုံ့ဆိုင်းထားသလိုမျိုး ဖြစ်နေတတ်တယ်။

မဟုတ်မှ ကျွန်တော်ကသာ သူ့ကို ဖိအားပေးတာမျိုး ဖိနှိပ်တာမျိုး မလုပ်ခဲ့ဘူးဆိုရင် သူလည်း အခုလိုမျိုး အသက်မရှိသလိုမျိုး ဖြစ်လာမှမဟုတ်လောက်ဘူး။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now