45

1.1K 121 4
                                    


{Zawgyi}

[ အကျဉ်းချုပ် : Android လော့ယွီချန် gong နှင့် ပိုင်ရှင်ရှောင်န်း shou ]

•စာအုပ်မှ အထူးသီးသန့်အချပ်ပို : FALLEN 1•

ပတ်ဝန်းကျင်က အတိတ်နိမိတ်မကောင်းလှစွာ အုံ့မှိုင်းနေတယ်။

ရွှံ့ဖြူတွေထူထပ်နေတဲ့လမ်းက အကွေ့အကောက်များနဲ့ ရှည်လျားကာ ကုန်ဆုံးသွားခြင်းမရှိဘဲ ဘယ်ဆီမသိရတဲ့ အမှောင်ထုထဲကို ဦးတည်နေတယ်။

ခပ်တောင့်တောင့်သားရေဖိနပ်တွေဆီက လေးလံလှတဲ့ခြေလှမ်းတချို့က လမ်းမပေါ်ကို ရိုက်ခတ်မိသွားတာကြောင့် သတ္တုနဲ့ထိခတ်သလို တုံးတိသတ္တုသံတွေ ထွက်ပေါ်လာတယ်။ နာမည်ကျော်ကြီး မျက်မှောင်အနည်းငယ်ကြုတ်မိသွားတယ်။ သူ့ရဲ့အသိစိတ်က အတော်လေးလွင့်မျောနေတုန်းဆိုပေမယ့် သူ့စိတ်အခြေအနေကတော့ ပိုဆိုးလာပြီဆိုတာ အလွန်ကိုသိသာလှတယ်။

'ဒါက ဘယ်လိုတောင် ဆိုးဝါးတဲ့ရောကြီးလဲ...'

သူ စိတ်မရှည်စွာ ခေါင်းယမ်းလိုက်တော့ သူ့ရဲ့ရှုပ်ပွနေတဲ့ဆံပင်တွေဆီကနေ အေးစက်တဲ့တစ်စုံတစ်ရာက သူ့ပါးကို အသာလေး လာရောက်ထိခတ်သွားတာကို ခံစားမိလိုက်တယ်။

ဒါက အရမ်းကိုလွမ်းမောဖွယ်ကောင်းတဲ့ ခံစားချက်တစ်ခုပဲ၊ ဒီခံစားချက်က သူ့နှလုံးသားကို ခုန်ပေါက်သွားအောင် လုပ်နိုင်တယ်။

သူလက်တစ်ဖက်မြှောက်ကာ ထိကြည့်လိုက်တော့ သူ့ရဲ့ဘယ်ဘက်နားရွက်မှာ ထိုပလက်တီနမ်နားဆွဲလေးတစ်ခု တွဲလောင်းကျနေတာကို သိလိုက်ရတယ်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

သူသံသယဖြစ်သွားတယ်။ ဒါလေးက ဟိုးတုန်းတည်းက ပျောက်သွားခဲ့တာ မဟုတ်ဘူးလား?

မနှစ်တုန်းက ငါးကြင်းက ကုမ္ပဏီမှာရှိတဲ့ ရေကန်အတုမှာ သောင်းကျန်ခဲ့တာကြောင့် ဒုက္ခများခဲ့ရပြီး ဖန်းရှဲ့ယိက ရေတွေနဲ့ငါးကို ဆယ်ထုတ်ဖို့ အဖွဲ့တစ်ခုကို လွှတ်ခဲ့တဲ့အချိန်မှာ သူကလည်း ထိုငါးဖမ်းအဖွဲ့နဲ့ မရမကလိုက်သွားပြီး လှေပေါ်မှာ ရက်ပေါင်းများစွာ အချည်းနှီးကုန်ဆုံးခဲ့ရတယ်။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now