50

538 48 7
                                    



{Zawgyi}

[ အကျဉ်းချုပ် : သူ့မျက်လုံးထဲမှာတော့ လူတိုင်းက လွင့်မြောနေတဲ့ တိမ်တစ်စလိုပါပဲ ]

Content warning ( အရေးကြီးသလောက်တော့ ရှိသလိုလို? ဒါပေမယ့် spoilerလည်းပါတာကြောင့် သတိပေးတာပါ! )

•စာအုပ်မှ အထူးသီးသန့်အချပ်ပို : FALLEN 6•

သွမ့်ယိခမျာ နှိုင်းဆလို့မတတ်သာအောင် နောင်တရနေမိတယ်။

အရင်အချိန်တုန်းက စိတ်စနိုးစနောင့်ဖြစ်ခဲ့ရတာကြောင့် အားလုံးနဲ့လိုက်လျောညီထွေဖြစ်သလိုမျိုးသာ မပြုမူခဲ့မိရင် နာခံတတ်တဲ့စက်ရုပ်တစ်ရုပ်လိုမျိုးသာ ဟန်မဆောင်ခဲ့မိရင် စုန့်ချင်းနဲ့သူတို့တွေလည်း သူ့ရဲ့လက်ရှိမူမမှန်တဲ့ပုံကို အလွယ်တကူ သတိပြုမိကြမှာပဲဖြစ်တယ်။

သို့ပေမယ့် အခုချိန်မှာတော့ သူ့ရဲ့လက်ရှိအမူအကျင့်တွေက ရည်ရွယ်ချက်ရှိရှိဟန်ဆောင်နေတာလို့သာ သူတို့တွေ တွေးနေကြပြီဖြစ်တယ်။

သူ့ရဲ့စိတ်ဝိဉာဉ်က သူ့ရဲ့အမိန့်တွေကို မနာခံတော့တဲ့ ခန္ဓာကိုယ်တစ်ခုထဲမှာ ပိတ်မိနေတယ်ဆိုတာ ဘယ်သူမှလည်း မပြောနိုင်ကြဘူး။

မနက်ပိုင်းတွေမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး လေ့ကျင့်ပေးခံထားရတဲ့ အိမ်တော်ထိန်းစက်ရုပ်ရဲ့လက်တွေနဲ့ သွမ့်ယိက သခင်မလေးရဲ့ ပန်းရောင်လည်စည်းလေးကို အားတက်သရော ကူပြီးစည်းပေးလေ့ရှိတယ်။

နောက်ပြီး တံခါးပေါက်ဝမှာတောင် သူတို့ထွက်ခါနီးအချိန်ဆို ကြမ်းပြင်ပေါ်မှာ ဒူးထောက်ချကာ ကောင်မလေးရဲ့နှင်းပွင့်လိုဖြူဖွေးသေးသွယ်တဲ့ ခြေကျင်းဝတ်မှာ သူ့အကြိုက်အနီရောင်ဖိနပ်လေးကို ကူဝတ်ပေးတတ်တယ်။

...

နောက်ဆုံးတော့ အခက်အခဲတွေအားလုံးဖြတ်ကျော်အပြီးမှာ ရှောင်ဟန်းလည်း ပြန်လာရတော့မှာဖြစ်တယ်။

သို့ပေသိ သွမ့်ယိကတော့ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှု တစိုးတစိတောင် ထုတ်မပြနိုင်ဖြစ်နေရတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းတွေမှာ ယဲ့ဝမ်ယွိက အချိန်ပြည့်အလုပ်လုပ်ကာ အစွမ်းကုန်အားထုတ်ကြိုးပမ်းပြီး လူတွေဘယ်လောက်မှန်းတောင်မသိနိုင်တော့တဲ့အထိ အကူအညီတောင်းခံခဲ့ရပြီးတော့မှသာ အောင်အောင်မြင်မြင်နဲ့ ရှောင်ဟန်းကို အာမခံဖြင့်လွတ်အောင် လုပ်ပေးနိုင်ခဲ့တာဖြစ်တယ်။

You've reached the end of published parts.

⏰ Last updated: Dec 05, 2023 ⏰

Add this story to your Library to get notified about new parts!

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now