26

1.2K 199 15
                                    

{Zawgyi}

[ အကျဉ်းချုပ် : ငါ့ကို စိတ်အနှောင့်ယှက်ပေးယ့်သူ မရှိတော့ဘူး၊ အေးချမ်းလိုက်တဲ့ဝကြီး ]

•လော့ယွီချန်•

ရှောင်ဟန်း ထွက်သွားပြီး နောက်တစ်နေ့မှာ ကျွန်တော် အိပ်ရာထနောက်ကျခဲ့တယ်။

အရင်ကဆို ကျွန်တော့်ကို အမြဲနှိုးနေကျက သူဖြစ်ပြီး နာရီဆိုတာ အမည်ခံသာရှိတဲ့ အရာတစ်ခုဖြစ်ခဲ့တယ်။

ကျွန်တော် ကုမ္ပဏီကို မသွားချင်ဘူး။

ကျွန်တော်သာ 'ဥက္ကဌဟန်း'နဲ့ တွေ့လို့ သူထွက်သွားပြီးနောက် ဒီလိုမျိုး နည်းနည်းလေးတောင် ကိုယ့်အားကိုယ် မကိုးနိုင်ဘူးဆိုတာ သိသွားခဲ့ရင် ဘယ်လောက်တောင် လှောင်ရယ်စရာကောင်းလိုက်မလဲ။

ကံကောင်းထောက်မစွာနဲ့ ထိုနေ့က ရှောင်ဟန်းကို မတွေ့ခဲ့ရတဲ့အပြင် နောက်တစ်နေ့မှာ ပြောင်းလာမယ့်အကြောင်း ရှမင်ရှုဆီက အတည်ပြုချက်လည်း ရလိုက်တယ်။

****

ထိုနေ့မှာ လေကအတော်လေး အေးနေပြီး ကျွန်တော့်အတွက် ဆောင်းရာသီက မြန်မြန်ဆန်ဆန် ရောက်လာပါလားဆိုပြီး ခံစားရစေတယ်။

အစကတော့ ကျွန်တော် သူ့ဆီကနေ လွတ်သွားပြီဆိုတာနဲ့ သေချာပေါက် ပြိုင်ဘက်ကင်း လွတ်လပ်မှုကို ခံစားရလိမ့်မှာဘဲဆိုပြီး ထင်ခဲ့မိတယ်။

တကယ်တော့... ကျွန်တော် သူ့ဆီက အမှန်တကယ် လွတ်လာတဲ့အချိန်မှာ 'အဲ့တော့ ဒီလိုမျိုးပါလား'ဆိုတာမျိုးသာ ခံစားခဲ့ရတယ်။

နေ့တိုင်း အိမ်ကိုပြန်ရောက်တိုင်းမှာ အမြဲတမ်း ထွက်ပေါ်နေတဲ့ဒေါသကို မြိုသိပ်နေရတဲ့ သူ့ပုံစံကို မြင်တွေ့နေရတာက အကျင့်တစ်ခုလိုဖြစ်လာခဲ့တယ်။ အခုတော့ ရုတ်ခြည်း တိတ်ဆိတ်သွားတဲ့အခါ ဒါက မဆိုစလောက်လေး ထူးဆန်းနေတယ်။

သူ နံရံတွေပေါ်မှာ ကပ်ထားတဲ့ ပိုစတာတွေအားလုံးကို ခွာချပြီး ဓာတ်ပုံဘောင်ထဲက ပုံကို ပြောင်းပစ်လိုက်တယ်။ ဒါက ရှမင်ရှုအတွက်လုပ်တာမဟုတ်ဘဲ ကျွန်တော့်အတွက် ကျွန်တော်လုပ်တာဖြစ်တယ်။ အဲ့တာမှသာ ရှောင်ဟန်းရဲ့အရိပ်အောက်ကနေ လုံးဝထွက်လာနိုင်မှာလည်း ဖြစ်တယ်။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now