04

1.2K 212 19
                                    


{Zawgyi}

[ အကျဉ်းချုပ် : ငါ နားမလည်နိုင်ဘူးဒါက ငါ့တွက် အဆင်မြေနေဘူး ]

•ရှောင်ဟန်း•

လော့ယွီချန်က ရှမင်ရှုကို အိမ်ပြန်ခေါ်လာတယ်။

မီးအိမ်ရဲ့ဝါဖျော့ဖျော့အလင်းရောင်အောက်မှာ သူ့ကို ရေချိုးခန်းထဲ ဆွဲသွင်းသွားတယ်။

ကျွန်တော် အပြင်နားမှာ ရပ်နေပြီး တဲ့တိုးကြီး အထဲဝင်သွားကာ ပြောင်ပြောင်တင်းတင်းနဲ့ ဝင့်ကြွားစွာ တိုက်ရိုက်ပြနေတဲ့အညှီအဟောက်ဇာတ်လမ်းကို ကြည့်နေလိုက်သင့်လားဆိုတာကို စဉ်းစားနေမိတယ်။

ဘယ်လိုနေနေ ဒီနှစ်ယောက်က မြင်တွေ့ရခဲတဲ့ အလှလေးတွေဖြစ်ပြီး ဒီလိုမျိုး နူးနူးညံ့ညံ့ချစ်ချစ်ခင်ခင် ကြင်နာလှတဲ့ခံစားချက်တွေကို ဖော်ပြနေတဲ့ ပွဲတစ်ခုကို မြင်တွေ့ရမယ်ဆိုတော့လည်း နည်းနည်းစောပြီး သေလိုက်ရတာက တန်ပါတယ်လေ။

ကျွန်တော် တွေးလိုက်တယ် 'ဒီကိစ္စမှာ သေချာပေါက် အတွဲတွေကိုချိတ်ပေးတဲ့ နတ်ဘုရားတွေ ဝင်ပါလာတာပဲ၊ ငါ့ရဲ့ အစွမ်းအစတွေအားလုံး ထုတ်သုံးပြီး ဒီလိုမျိုး အချစ်ငှက်နှစ်ကောင်ကို ဆယ်နှစ်လောက် ဖြတ်ဖို့ကြိုးစားနေခဲ့တာကို မြင်သွားလို့ နောက်ဆုံးတော့ သူတို့ ကြည့်မနေနိုင်တော့ဘဲ အတင်းအကျပ်ကြားဝင်လိုက်တာပဲဖြစ်ရမယ်'

'အဲ့နတ်ဘုရားတွေက ငါ့ကို ကောင်းကင်ဘုံကို သွားခွင့်မပေးဘူး ပြီးတော့ ငရဲကျဖို့လည်း ခွင့်မပြုပြန်ဘူး၊ ကမ္ဘာပေါ်မှာပဲ အတင်းအကျပ် လှည့်လည်သွားခိုင်းနေပြီး ဒီလူနှစ်ယောက်က ဘယ်လောက်တောင်မှ ချစ်ကြတယ်ဆိုတာကို ငါ့မျက်လုံးနှစ်လုံးနဲ့ ကြည့်နေရအောင် လုပ်ပြီး အပြစ်ပေးထားတာပဲ... ဘဝတစ်လျှောက်လုံး ကြည့်သွားဖို့ကို အမိန့်ချလိုက်တာတောင် ဖြစ်နိုင်သေးတယ်'

သေလူတစ်ယောက်အဖို့ ဒါက အမှန်တကယ်ကို ဂွတီးဂွကျနိုင်တဲ့ ပေါက်ပေါက်ရှာရှာအပြစ်ပေးခြင်းတစ်မျိုးပဲ။

'အာ... ဘာဖြစ်ဖြစ် ငါက ကိုယ် မျိုးစေ့ချခဲ့တာကို ကိုယ်ပြန်ရိတ်သိမ်းနေရတာပဲ'

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now