11

1.2K 208 7
                                    


{Zawgyi}

[ အကျဉ်းချုပ် : အစာအိမ်နာ ]

•ရှောင်ဟန်း•

ကျွန်တော် ပြောင်းခဲ့တဲ့နေရာက ဖန်းရှဲ့ယိ အသစ်စက်စက်ဝယ်ယူထားတဲ့ ပင်းဟိုင်လမ်းပေါ်က ဗီလာဖြစ်တယ်။

ဒါပေမယ့် ကျွန်တော် အထဲမှာ သေခဲ့တာကြောင့် ဖန်းရှဲ့ယိက အဲ့ကို ဘယ်တော့မှ ပြောင်းလာမှာမဟုတ်တော့ဘူး။

ကားက ကမ်းရိုးတမ်းတစ်လျှောက် မိနစ်လေးဆယ်လောက်မောင်းလာပြီးတဲ့နောက် မျက်စိရှေ့မှာ လှပတဲ့ခြံဝင်းလေးထဲမှာ နွေးထွေးစွာတည်ရှိနေတဲ့ အဖြူရောင်သုံးထပ်အိမ်လေးပေါ်လာတယ်။

ပင်းဟိုင်လမ်းက အထက်တန်း ချမ်းသာတဲ့ရပ်ကွက်တစ်ခုဖြစ်တယ်။ ဗီလာတွေအားလုံးက တစ်လုံးနဲ့တစ်လုံး အတော်လေးကွာဝေးပြီး နှင်းတမျှဖွေးဖွေးဖြူနေတဲ့လမ်းတွေပေါ်မှာလည်း လူသူကင်းမဲ့ကာ တတ်နိုင်သမျှကို တိတ်ဆိတ်မှုပေးစွမ်းနေတယ်။

လော့ယွီချန်က လမ်းဘေးမှာ ကားပါကင်ထိုးလိုက်ပြီး ထွက်လာတယ်။

ခြံဝင်းထဲဝင်တဲ့ ဂိတ်ပေါက်ကို သော့ခတ်ထားတယ်။ အထဲမှာ အရင်က ခုတ်ထစ်ရှင်းလင်းခဲ့တဲ့ သစ်ပင်တွေ ခြုံနွယ်တွေရဲ့အစအနတွေ ရှိခဲ့ပေမယ့် အရိုင်းဆန်စွာပေါက်ရောက်နေတဲ့ ပေါင်းပင်တွေကတော့ မတူညီတဲ့အကြောင်းအရာတစ်ခုကို ပြောပြနေဟန်။

ဒါကိုမြင်တော့ လော့ယွီချန်လည်း ဒီနေရာမှာ လတ်တလော တစ်ယောက်ယောက်နေနေပုံမရဘူးဆိုတာ တွေးမိကောင်းတွေးမိလောက်ပေမယ့် မတတ်သာစွာ အတော်လေး တွန့်ဆုတ်သွားပုံရတယ်။ ဒါပေမယ့် သဘာဝကျစွာ သူကိုယ်တိုင် လက်လျှော့သွားမှာတော့မဟုတ်ဘူး။ သတ္တုလက်ရမ်းကိုကိုင်ကာ ရှေ့နောက်ဆွဲယမ်းပြီး သူ့ရှေ့မှာရှိတဲ့ အဆောက်အအုံကြီးထဲ ကျွန်တော့်နာမည်ကို အကြိမ်ပေါင်းများစွာ အော်ခေါ်နေတော့တယ်။

ဘာတုန့်ပြန်မှုမှ ထွက်မလာဘူး။

သူက သူ့ဖုန်းကို ထုတ်ပြီး ပြောင်းရွှေ့ရေးကုမ္ပဏီကို ထပ်ခေါ်ပြန်တယ်။ ဒါက တကယ်မှန်ကန်တဲ့လိပ်စာဆိုတာ အတည်ပြုပြီးတဲ့အခါ နောက်တစ်ခေါက် ကျွန်တော့်နာမည်ကို အကြိမ်အနည်းငယ် ထပ်ပြီးအော်ခေါ်ပေမယ့် ဘာဆိုဘာမှမရလာဘူး။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now