20

1.4K 236 9
                                    


{Zawgyi}

[ အကျဉ်းချုပ် : ကျွန်တော်သိတော့ဘူးကျွန်တော် မတွေးရဲတော့ဘူး ]

•ရှောင်ဟန်း•

ရှင်းလင်းနေတဲ့ ကားပါကင်ထဲမှာ လော့ယွီချန်က မြေကြီးပေါ်မှာ ထိုင်နေပြီး လုံးဝကို ရွဲပလဲနေတယ်။ သူ့အတွက် လောကကြီးတစ်ခုလုံး အဆုံးသတ်သွားသလိုမျိုး သူ့မျက်လုံးတွေက ဗလာဖြစ်နေတယ်။

ရှမင်ရှုက သူ့ကို သွားထူပေးလိုက်ပြီး လော့ယွီချန်ကို ကားထဲတရွတ်ဆွဲခေါ်သွားတော့တယ်။

သူ နုံးချိကာ စိတ်ပျက်လက်ပျက်အမူအယာနဲ့ ကားထဲမှာ မျက်လုံးတွေ မှိတ်ထားတယ်။

ရှမင်ရှုကလည်း သူ့ကို ဘယ်လိုနှစ်သိမ့်ရမှန်းမသိတာကြောင့် တိတ်တိတ်ဆိတ်ဆိတ်သာ နေနေတော့တယ်။

****

ထိုညကစလို့ လော့ယွီချန်တစ်ယောက် မူမမှန်စွာ တိတ်ဆိတ်သွားတယ်။

နောက်တစ်နေ့က ဖေဖော်ဝါရီ ၁၄ရက်နေ့ဖြစ်ပြီး အယ်လ်ဘမ်အသစ်ရောင်းချရမယ့်နေ့ဖြစ်တာကြောင့် မနက်ပိုင်းမှာတည်းက ဖုန်းတွေမနားတမ်းဝင်နေတော့တယ်။

သို့ပေမယ့် သူက ဖုန်းကို တစ်ချက်လေးတောင်မကိုင်ခဲ့ဘဲ စိတ်ရှုပ်လာတဲ့နောက်မှာ သူ့ဖုန်းကိုတောင် ပိတ်ပစ်လိုက်တယ်။

ရောင်းအားက သေချာပေါက် စံချိန်သစ်တစ်ခုကို ရောက်သွားမယ်ဆိုတာ ကျွန်တော်သိတယ်။ ပုံမှန်အခြေအနေမျိုးမှာဆိုရင် သူက အောင်ပွဲခံတဲ့ပွဲတစ်ခုကို ဒီညကျင်းပဖို့ ဖြစ်နိုင်ခြေရှိတယ်...

ဒါပေမယ့် သူက နည်းနည်းလေးတောင် ပျော်နေတဲ့ပုံမပေါ်ဘူး။ တစ်နေကုန် ဆိုဖာပေါ်မှာ လဲလျောင်းကာ တစ်ချက်ကလေးမှ မလှုပ်ခဲ့ဘူး။

အလုပ်မသွားခင် ရှမင်ရှုက စားစရာတွေ အများကြီးလုပ်ပေးခဲ့ပြီး ရေခဲသေတ္တာထဲ ဖြည့်ပေးခဲ့ပေမယ့် သူကတော့ စိတ်ဝင်စားပုံတောင်မပြဘဲ လှဲနေကာ သူ့ကိုယ်သူအသံတိတ် ညှင်းဆဲနေတယ်။

သိပ်မကြာခင် သူ့အစာအိမ်က ပြန်နာလာပြီး ဆိုဖာပေါ်မှာ ကွေးကွေးလေးနေနေကာ မျက်နှာကလည်း ဖြူလျော်လာတယ်။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now