07

1.1K 211 12
                                    

{Zawgyi}

[ အကျဉ်းချုပ် : ဒါပေမယ့်ချစ်ဆိုတဲ့ ဒီလိုရာမျိုးကိုယ်သူက တကယ်ထိန်းချုပ်နိုင်မှာလဲ ]

•ရှောင်ဟန်း•

ထိုညက ရှမင်ရှုတစ်ယောက် အိမ်ကို ညလယ်စာမုန့် သယ်လာတယ်။

နှစ်ယောက်သား ဧည့်ခန်းထဲမှာစားခဲ့ကြပြီး အတော့်ကို အေးချမ်းကာ သဟဇာတဖြစ်ပုံပေါ်တယ်။

ရှမင်ရှုနဲ့ ကျွန်တော်က ဘယ်လိုနေရာတွေမှာ ကွာခြားနေလဲဆိုတာကို အတွေးပေါင်းများစွာနဲ့ ချိန်ဆကြည့်ပြီးတဲ့နောက်မှာ ကျွန်တော်လည်း ယေဘုယျအားဖြင့် သုံးသပ်ချက်တစ်ခုရလာတယ် _

ရှမင်ရှုရဲ့ မွေးရာပါ ဗရုတ်သုတ်ခနိုင်တာနဲ့ ဆိုးဝါးလှတဲ့ မီးဖိုချောင်ထဲကစကေးတွေကလွဲရင် သူက ကျွန်တော့်ထက် အရာရာမှာ သာလွန်တယ်။

သူ့ရဲ့အသွင်အပြင်၊ ပင်ကိုစရိုက်၊ အရည်အချင်း အစရှိတာတွေက ပြောစရာတောင် မလိုဘူးဆိုပေမယ့် အနည်းဆုံး ရှမင်ရှုက ကျွန်တော့်ထက် အဆပေါင်းများစွာသာလွန်တဲ့ တစ်ခုသောအရာရှိတယ်။

သူနဲ့ လော့ယွီချန်က တူညီတဲ့ဆက်ဆံရေးတစ်ခုရှိတယ်။ အချိုးအကွေ့တိုင်းမှာ အောက်ကျနောက်ကျ တောင်းဆိုနေရတဲ့ ကျွန်တော်နဲ့တော့ ဘယ်တူပါ့မလဲ။ ကျွန်တော်က သူ့ကို သိပ်ချစ်ခဲ့တာကြောင့် သူ့ရဲ့ပေါက်ပေါက်ရှာရှာစိတ်ကူးတိုင်းကို အမြဲလိုက်လုပ်ပေးခဲ့ရတယ်။

အခုချိန်မှာရှိနေတဲ့ ကျွန်တော်ကတော့ လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ထိုးနှက်ချက်တွေကြောင့် ဒေါသထွက်ခဲ့ရပြီးတဲ့နောက်မှာ ဘဝရဲ့တရားမမျှမှုတွေနဲ့ လူတွေရဲ့တရားမျှတမှုမရှိတာတွေအပေါ် ထပ်ပြီးဒေါသထွက်တာမျိုးတွေ မရှိတော့ဘူး။

တစ်ဖက်မှာ ရှမင်ရှုနဲ့ ခယလွန်းတာမျိုးလည်းမဟုတ် ကိုယ့်ကိုယ်ကို ယုံကြည်လွန်းတာမျိုးလည်းမဟုတ်တဲ့ စိတ်နေသဘောထားက ကျွန်တော် သင်ယူသင့်တဲ့အရာလို့ ကျွန်တော် ခံစားမိခဲ့တယ်။

ဒီလောကကြီးထဲမှာ မင်းပိုင်ဆိုင်တဲ့အရာက မင်းအရာဖြစ်ပြီးတော့ မင်းအပိုင်မဟုတ်တာက မင်းဘယ်လောက်ပဲ ဒူးထောက်ထောက်၊ နှစ်ပေါင်းရာချီ တောင်းဆိုတောင်းဆို ဘယ်သောအခါမှ မင်းပိုင်တဲ့အရာဖြစ်လာလိမ့်မှာ မဟုတ်ဘူး။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now