10

1.1K 214 4
                                    

{Zawgyi}

[ အကျဉ်းချုပ် : ငါ့ကိုတွ့ရမှာက စိတ်လှုပ်ရှားစရာကိစ္စမို့လို့လား? ]

•ရှောင်ဟန်း•

နောက်တစ်နေ့မှာ လော့ယွီချန်ရဲ့ အယ်လ်ဘမ်အသစ်အတွက် လူသိရှင်ကြားရိုက်ကွင်းက လုံးဝကို နှိုင်းယှဉ်လို့မရတဲ့ကပ်ဆိုးတစ်ခုပဲ။

ဒီအယ်လ်ဘမ်က နောက်နှစ် ချစ်သူများနေ့မှာ ရောင်းချဖို့အတွက် အချိန်ဇယားဆွဲထားတာဖြစ်တယ်။

ထိုကဲ့သို့နေ့မျိုးမှာ ချစ်သူမရှိတဲ့ကောင်မလေးတွေအဖို့ သူတို့ရဲ့စိတ်အခြေအနေ ပိုမိုကောင်းမွန်စေဖို့အတွက် သူတို့ရဲ့idolဆီကနေ သီချင်းအသစ်တွေ ရရှိမှာဖြစ်တယ်။

အဲ့အတွက်ကြောင့် ဒီအယ်လ်ဘမ်မှာပါတဲ့ သီချင်းတွေအားလုံးက ပျော်ပျော်ရွှင်ရွှင် မြူးမြူးကြွကြွလေးတွေချည်းသာဖြစ်တယ်။ လူတွေကို အိမ်မှာ တစ်ယောက်တည်းနေပြီး CDကိုနားထောင်ရင်း အမှတ်တရဟောင်းတွေကို ပြန်တွေးပြီး ငိုခိုင်းမှာမျိုးတော့ သေချာပေါက် မဟုတ်ဘူးပေါ့။

ဒါပေမယ့် လော့ယွီချန်တစ်ယောက် သူ့ရဲ့ရွှေရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ကာ သူ့ရဲ့ကုစားပေးနိုင်တဲ့ အပြုံးလေးစွန့်ကြဲဖို့အတွက် ကင်မရာရှေ့ကို ရောက်သွားချိန်မှာ သူ လုံးဝကို ပြုံးလို့မရဖြစ်နေခဲ့တယ်။

နဂိုသူ့ရဲ့အနေအထားနဲ့ဆိုရင် ရိုးရိုးရိုက်ကွင်းတစ်ခုက သူ့ရဲ့ရှစ်ခေါက်ချိုးမျက်နှာနဲ့ဆိုရင်တောင် အဆင်ပြေသွားမှာဖြစ်တယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ 'သကြားဖြူးထားတဲ့ ချိုမြမြချစ်သူများနေ့'အတွက်ဖြစ်နေပြီး အပြုံးတစ်ပွင့်မပါဘဲ ပြီးဆုံးလို့ရမှာမဟုတ်ဘူး။ သို့ပေမယ့် ဝန်ထမ်းတွေက ဘယ်လောက်ပဲ နှစ်သိမ့်ပေးပေး တိုက်တွန်းပေးပေး လော့ယွီချန်ကတော့ မိုင်ပေါင်းထောင်ချီ အလှမ်းဝေးနေဆဲပဲ။

ဘေးမှာရှိတဲ့ လက်ထောက်ငယ်လေးတစ်ယောက်က စိတ်ကူးတစ်ခုတင်ပြလာတယ် _ runway show အတွက် ဒီအဆောက်အအုံမှာပဲ လက်ရှိ,ရှိနေတဲ့ ရှမင်ရှုကို ဆွဲခေါ်ပြီး စုံတွဲအနေနဲ့ သရုပ်ပြခိုင်းဖို့။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now