47

774 111 7
                                    

{Zawgyi}

[အကျဉ်းချုပ် : ဒါဟာ သူ ကျူးလွန်ခဲ့တဲ့မှားတွက်ဏ်တ်မှုလေား ]

•စာအုပ်မှ အထူးသီးသန့် အချပ်ပို : FALLEN 3•

မီးဖိုချောင်ရဲ့ မှောင်မည်းနေတဲ့ထောင့်လေးတစ်ခုမှာ ခန့်ညားတဲ့လူငယ်လေးတစ်ယောက် ရပ်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ နီရဲနေတဲ့ မျက်လုံးတွေနဲ့ ရှောင်ဟန်းကိုသာ ငေးကြောင်ပြီး စိုက်ကြည့်နေတယ်။

ရှောင်ဟန်းက သူတို့မိဘတွေကိစ္စကို ဆက်တွေးနေတုန်းဖြစ်ပြီး အမှုမဲ့အမှတ်မဲ့ ခေါင်းမော့လိုက်တဲ့အခါ သွမ့်ယိရဲ့မျက်နှာကို တွေ့လိုက်ရတယ်။ အစတုန်းကတော့ ထိတ်လန့်ပြီး အတော်လေး ဒေါသထွက်နေခဲ့တယ်ဆိုပေမယ့် ခဏတွင်းချင်းမှာပဲ လူငယ်လေးရဲ့ပြိုကျတော့မယ့် မျက်ရည်တွေက သူ့ကို စိတ်ပျော့သွားစေတယ်။

ဘယ်လိုနေနေ သူက ဒီကလေးကို တစ်ချိန်လုံး တယုတယနဲ့ ချစ်မြတ်နိုးလာခဲ့ရတာဖြစ်တယ်။

"ရှောင်ယိ မင်း... ဒီကိစ္စကို မြန်မြန် မေ့လိုက်သင့်တယ်"

သူ့လည်ချောင်းထဲက ထွက်လာတဲ့အသံက အက်ကွဲလို့နေတယ်။ သူသာ ခပ်ကျယ်ကျယ်ပြောလိုက်ရင် ဒီမျက်ရည်စတွေကို ဆွပေးလိုက်သလိုဖြစ်သွားပြီး ကျဆင်းလာမှာကို စိုးရိမ်မိတယ်။

သွမ့်ယိ အရမ်းနာကျင်ရမှာကိုလည်း သူမမြင်ရက်ဘူး။ နေရာမှာတင် ဆက်နေဖို့ သူ့ကိုယ်သူ အားတင်းလိုက်ပြီး ထိုကောင်လေးကို သွားနှစ်သိမ့်ပေးတာမျိုးမလုပ်ဘဲ မလှုပ်မယှက်နဲ့ ထိုကလေးရဲ့မျက်လုံးတွေက လုံးဝနီရဲသွားတာကို ကြည့်နေမိတယ်။

"ဟင့်အင်း ကျွန်တော် မလုပ်ချင်ဘူး" သွမ့်ယိ ခေါင်းယမ်းလိုက်ပြီး သူ့မျက်နှာကလည်း မသက်မသာဖြစ်နေဟန်ပေါ်တယ်။

"မင်း မေ့လိုက်သင့်ပြီ"

"ကျွန်တော် မလုပ်ချင်ဘူးလို့! ကျွန်တော် မလုပ်ချင်ဘူး!"

ရှောင်ဟန်းရဲ့ တည်ငြိမ်နေတဲ့မျက်လုံးတွေက ဒီသနားစရာ ကြေကွဲနေတဲ့ကလေးကို တည့်တည့်စိုက်ကြည့်နေတယ်။ သွမ့်ယိအကြောင်းကို သူ ကောင်းကောင်းနားလည်တယ်။ ဒီကလေးရဲ့အသည်းနှလုံးက ဘယ်လောက်တောင် နူးညံ့ပြီး ဖြူစင်လိုက်သလဲ? အပြင်ပန်းက အေးတိအေးစက်ပုံ ပေါက်နေပေမယ့် ဒီကလေးက ဘယ်တုန်းကများ သူပြောသမျှကို မနာခံတာ၊ သူလုပ်ခိုင်းတာကို မလုပ်တာမျိုး ရှိဖူးလို့လဲ?

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now