43

1K 156 4
                                    

{Zawgyi}

[ အကျဉ်းချုပ် : ချစ်သူများနေ့ချာကလက်လုပ်ည်း ]

•အချပ်ပို ၂ : ချစ်သူများနေ့•

ကိစ္စတွေ ငြိမ်သက်သွားတဲ့အချိန်မှာ ကျွန်တော်တို့တွေက ပျော်ရွှင်နေကြတဲ့ချစ်သူတွေအဖြစ် ပထမဆုံးချစ်သူများနေ့ကိုတောင် အတူတူကုန်ဆုံးလို့ ရမှာမဟုတ်မှန်း သိလိုက်ရတယ်။

လော့ယွီချန်ရဲ့ အယ်လ်ဘမ်အသစ်က တအားကျော်ကြားသွားတာကြောင့် သံကိုပူတုန်း ပုံသွင်းရမယ့်အတွက် ဓာတ်ပုံရိုက်ဖို့ Irelandကို သွားရမှာဖြစ်တယ်။

ဖန်းရှဲ့ယိက ကျွန်တော်တို့ရဲ့ခင်မင်ရင်းနှီးမှုကြောင့် ကုမ္ပဏီကို နောက်ရက်အနည်းငယ်လောက် ထပ်ကူပေးမယ်လို့သာ ပြောခဲ့တာဖြစ်ပြီး ကျွန်တော် ကုမ္ပဏီကို ပြန်ရောက်လာချိန်မှာ သူကတော့ ရသင့်ရထိုက်တဲ့အားလပ်ရက်တစ်ခုကိုယူဖို့ အစီအစဉ်ဆွဲနေတယ်။

သူက ကျွန်တော့်ကို အများကြီးကူညီပေးခဲ့တာကြောင့် ကျွန်တော်ကလည်း အရှက်မရှိ 'ဒါဆိုည်းက္ကဌဖန်းယ်င်းရဲ့ရာထူးကို အလွဲသုံးစားလုပ်ပြီးလာ့ယွီချန်ကို နားချိန်လေးည်းည်းလောက်ပေးပါအုံး' လို့ ပြောမထွက်ဖြစ်နေရတယ်။

မြေခွေးကို ရန်သွားမစတာ ပိုကောင်းမယ်။

ကြည့်ရတာ ဒီချစ်သူများနေ့ကိုတော့ နောက်မှပဲ အစားထိုးလုပ်ရတော့မယ့်ပုံ။

နောက်တော့ ကျွန်တော်တို့ အချိန်ကွာဟမှုကို ကြည့်လိုက်တဲ့အခါ Ireland က ပေကျင်းထက် ခုနစ်နာရီလောက် နောက်ကျနေတယ်ဆိုတာ သိလိုက်ရပြီး လေယာဉ်ခရီးစဉ် ဆယ်နာရီနဲ့ဆိုရင် သူ့အလုပ်ကို ဆယ့်သုံးရက်နေ့ညမှာ အပြီးသတ်ပြီး မနက်စောစောလေယာဉ်နဲ့ ချက်ချင်းပြန်လာနိုင်တယ်လို့ လော့ယွီချန်က ပြောလာတယ်၊ အဲ့လိုသာဆို သူက ချစ်သူများနေ့ညကို အမှီပြန်လာနိုင်မှာဖြစ်တယ်။

ဒီလိုသာဆို နှောင့်နှေးတော့မှာ မဟုတ်တဲ့အတွက် ကျွန်တော်ကလည်း အဆင်ပြေကြောင်း ပြောလိုက်တယ်။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now