49

1.9K 117 13
                                    


{Zawgyi}

[ အကျဉ်းချုပ် : သူပြောသွားတဲ့ နောက်ဆုံးစကားများ ]

•စာအုပ်မှ အထူးသီးသန့်အချပ်ပို : FALLEN 5•

နောက်တစ်နေ့မှာ သူ မတွေ့ဖြစ်တာ ကြာလှပြီဖြစ်တဲ့ ယဲ့ဝမ်ယွိက အတိအကျချုပ်ထားတဲ့ဝတ်စုံကိုဝတ်ကာ ဟိတ်ကြီးဟန်ကြီးနဲ့ အိမ်ရှေ့ခန်းကို ဝင်လာတယ်။ သူပေါ်မလာတာ ဘယ်လောက်တောင်ကြာပြီလဲဆိုရင် ဒီလူ့ရဲ့တည်ရှိမှုကို သွမ့်ယိတောင် မေ့လုနီးပါးပဲ။

"သခင်လေး၊ ဒီစာရွက်စာတမ်းတွေက ကုမ္ပဏီရဲ့ဘုတ်ဒါရိုက်တာတွေဆီကနေ သခင်လေးရဲ့လက်မှတ်ထိုးဖို့ လိုတာတွေပါ နောက်ပြီးတော့ နောက်အပတ်မှာလည်း ရှယ်ယာပိုင်ရှင်တွေနဲ့ တွေ့ဆုံဖို့..."

ရှောင်ဟန်းအပေါ် သူ့ရဲ့ပြောဆိုနေပုံအရဆိုရင် သူတို့နှစ်ယောက်က မကြာမကြာ တွေ့ဖြစ်ကြပုံရတယ်။ အချိန်တွေက အရမ်းကို လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တာဖြစ်ပြီး ဒီအရှုပ်ကောင်က ကောလိပ်မှာတောင် စာသင်နေပြီဖြစ်တယ်၊ ကြည့်ရတာ ဥပဒေဘာသာရပ်ကို ယူထားတဲ့ပုံပေါ်တယ်။

သူက ကျောင်းသားတစ်ယောက်သာ ဖြစ်သေးပေမယ့် ဆံပင်ကို နောက်လှန်ဖီးကာ ရွှေရောင်ကိုင်းနဲ့မျက်မှန်ကို ဝတ်ဆင်ထားတာကြောင့် လုံးဝကို ကြေးစားရှေ့နေတစ်ယောက်နဲ့ တူနေတယ်။

ဘုတ်ဒါရိုက်တာတွေ? ရှယ်ယာရှင်တွေနဲ့ တွေ့ဆုံတာ? အဲ့တာတွေက ဘာတွေလဲ?

"တကယ်တော့ အဲ့တာတွေအားလုံးက ပါးရဲ့စီးပွားရေးတွေချည်းပဲမို့ အားလုံးက မင်းအပိုင်ချည်းပါပဲ၊ ဒါပေမယ့် အဲ့တုန်းက မင်းက သတိမေ့နေတုန်းမို့လို့ မင်းအတွက် ကောက သူတို့ကို စောင့်ကြည့်ပေးထားတာ၊ မင်း အရွယ်ရောက်လာပြီဆိုရင် အဲ့တာတွေအားလုံးကို မင်းဆီပဲ လွှဲပေးမှာပါ"

သွမ့်ယိ ရှောင်ဟန်းကို မျက်လုံးလှန်ကြည့်လိုက်တယ်။ အခုချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်ကို အားသွင်းပေးဖို့လိုတာကလွဲရင် သူက စားဖို့ရော အိပ်ဖို့ပါ မလိုတော့ဘူး။ သာမန်လူတွေက သူတို့ရဲ့ဘဝတွေကို ရှင်သန်နိုင်ဖို့အလို့ငှာ ကား၊ အိမ်နဲ့ ငွေကြေး,စတာတွေကို လိုအပ်ပေမယ့် စက်ရုပ်သွမ့်ယိအတွက်တော့ ဒီလိုမျိုးလောကီရေးရာပိုင်ဆိုင်မှုတွေအားလုံးက ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now