အိမ့်နဒီ တစ်ယောက် မျက်လုံးတွေကိုမှိတ်ထားပြီး သူမရှေ့မှာရှိနေတဲ့ သူမအခန်းဖော် သွန်းနေခြည် လုပ်သမျှကို ငြိမ်ငြိမ်လေးသာခံနေခဲ့တယ်။ သူမရဲ့ မျက်လုံးတစ်ဝှိုက်မှာ ပြေးလွှားနေတဲ့ Eyeliner ကိုသူမခံစားမိနေပြီး အဲ့ဒါက သူမမျက်လုံးကို ယားယံစေတယ်။
တနင်္ဂနွေ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် တစ်သက်တာ single သက်တမ်းရှိသော သူမတို့နှစ်ယောက်သာ အဆောင်၌ကျန်နေခဲ့ခြင်းဖြစ်တယ်။
ယခုကား ပုံမှန်အတိုင်း သွန်းနေခြည်ရဲ့တောင်းဆိုချက်ကြောင့် သူမရဲ့ makeup မော်ဒယ် လုပ်ပေးနေရခြင်းဖြစ်တယ်။ ပုံမှန် အေးစက်စက်နေတတ်တဲ့ သွန်းနေခြည်ဟာ သူမမျက်နှာသာသူမ makeup မလိမ်းပေမဲ့
ဘာကြောင့်မှန်းမသိ အိမ့်နဒီရဲ့ မျက်နှာကို makeup လိမ်းပေးရတာကို အလွန်ကြိုက်လေတယ်။"ဘာလို့ရပ်သွားတာလဲ ပီးပီလား"
Liner ဆွဲနေရာမှ ရပ်တန့် သွားသော သွန်းနေခြည်ကြောင့် အိမ့်နဒီ မေးလိုက်တယ်။
"မပီးသေးဘူး"
သူမ အမေးကို သွန်းနေခြည် တစ်ယောက် ပြန်ဖြေလာပီး သူမရဲ့ မျက်နှာကို ဆက်လက်ကိုင်တွယ်နေတယ်။
'ငါဘဲထင်နေတာလား သွန်း အသံက တစ်မျိုးကြီးဖြစ်နေတယ်'
အိမ့်နဒီ တွေးလိုက်တယ်။ အကြာကြီး မျက်လုံးမှိတ်ထားရတာကြောင့် ၁၀ မိနစ်လောက်ကြာပြီးချိန်မှာတော့ သူမနည်းနည်းငိုက်လာတယ်။ သူမ သာ နံရံကို မှီပြီး နေနေတာ မဟုတ်ရင် သူမ လဲကျသွားလောက်ပြီပင်။
သူမရဲ့ အိမ်မက်ထဲမှာ တောင် ကောင်ချောလေးတစ်ယောက်ကို သွားငမ်းနေခဲ့ပြီး အဲ့ဒီကောင်ချောလေးက သူမအနားကို ကပ်လာခဲ့တယ်။ သူမ သူရဲ့ ဝင်သက်ထွက်သက်ကို ခံစားမိလောက်တဲ့ထိကို သူမတို့နှစ်ယောက်နီးကပ်နေခဲ့ပြီ။ နောက်ဆုံးမှာတော့ နူးညံ့ပြီး ပျော့ပျောင်း နေတဲ့ ထိုသူရဲ့ နှုတ်ခမ်းတွေက သူမနှုတ်ခမ်းကို ထိကပ်လာပြီး သူမအားနမ်းခဲ့တယ်။
'မဟုတ်သေးဘူး တစ်ခုခု မှားနေပြီ ငါအိမ်မက်မက်နေတာလေ ဘာလို့ အထိအတွေ့က အရမ်းကိုလက်တွေ့ဆန်နေရတာလဲ'
သူမအိမ်မက်ကမ္ဘာထဲကနေ လက်တွေ့ကို အသိဝင်လာပြီး သူမမျက်လုံးကို ဖျတ်ခနဲ ဖွင့်ကြည့်လိုက်ချိန်မှာ သူမကိုတစ်စုံတစ်ယောက် ကနမ်းနေတာကို တွေ့လိုက်ရတယ်။ သူမမျက်လုံး တွေက ပြူးကျယ်လာပြီး သူမရဲ့ ပထမဆုံးတုံ့ပြန်မှု သူမကိုနမ်းနေတဲ့ သူကို တွန်းထုတ်ပစ်လိုက်ခြင်းပင်။
"နင် "
အိမ့်နဒီ ဘာစကားမှ မပြောနိုင်တော့ဘဲ ရပ်သွားပြီး သူမပါးစပ်ကို လက်နဲ့ အုပ်လိုက်ကာ သူမရှေ့က သူမရဲ့သူငယ်ချင်းကို အံ့ဩထိတ်လန့်စွာ မျက်လုံးများပြူးပြီး ကြည့်နေမိတယ်။
'ကမ္ဘာကြီးက ဘာတေဖြစ်ကုန်တာလဲ'
အိမ့်နဒီတစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသလိုမျိုး ဦးခေါင်းတစ်ခုလုံး ထုံထိုင်းသွားခဲ့တယ်။
"Sorry နင်အိပ်ပျော်နေတာက အရမ်းချစ်စရာကောင်းနေလို့ နောက်ပီး နဂိုထဲက ငါက နင့်ကို သဘောကျနေတာလေ မသိဘူးဆိုရင်တော့နင်တုံးလို့ဘဲ"
သွန်းနေခြည်ရဲ့ စကားတွေကိုကြားပြီးချိန်မှာတော့ အိမ့်နဒီ တစ်ယောက် ယောက်ျားလေးအိမ်သာကို မှားဝင်မိသလိုမျိုး ရှက်လွန်းလို့ တစ်ကိုယ်လုံးထူပူသွားတော့တယ်။
'နဂိုထဲက ငါ့ကို သဘောကျနေတာ °0°
ဘယ်အချိန်ထဲကဘယ်လိုတွေ စမှားနေတာလဲ? ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲ? ○-○'