အပိုင်း ၁၅ (၁)

1.1K 104 1
                                    

"သွန်း ငါ့ကို make-up လိမ်း​ပေးပါလား"

ဘယ်တုန်းကမှ မ​တောင်းဆိုဖူးခဲ့ဘဲ ထူးထူးဆန်းဆန်း​တောင်းဆို​နေတဲ့ အိမ့်နဒီ။
အင်္ကျီ​တွေလည်း လဲထားပြီး သူမပုံစံက အပြင်သွားဖို့ ပြင်ဆင်​​နေတယ်ဆိုတာ သိသာ​နေတယ်။

သွန်း​နေခြည်က သူမကို ဒီစ​နေ တနင်္ဂ​နွေမှာ မအား​လောက်ဘူးလို့ ထင်ထားခဲ့ခြင်းပင်။

ဘာ​ကြောင့်လဲဆို​တော့ သူမတို့ Welcome က ​နောက်အပတ်မှာ ဆို​ပြီး သူမတို့အကကို အ​လောတကြီး မြန်မြန်ဆန်​ဆန် တိုက်​နေရတယ်လေ။

"အပြင်သွားမလို့လား ငါက နင် အကသွားတိုက်ရမယ်ထင်​နေတာ"

သွန်း​နေခြည်က သူမ​ရှေ့က ​ကောင်မ​လေးရဲ့ မျက်နှာ​ပေါ်ကျ​​နေတဲ့ ဆံပင်​တွေကို ဘီးကုတ်နဲ့ အ​ပေါ်ကို လှန်သိမ်းလိုက်ပြီး စပြင်ဆင်​ပေးတယ်။

"ကိုလင်္ကာကို ​ပေးစရာရှိလို့​လေ သူတို့ဆိုင်သွားမလို့ ခဏဘဲ ပြန်လာရင် အကသွားတိုက်ရပြန်မှာ"

အိမ့်နဒီဆီမှာ စိုင်းလင်္ကာရဲ့ နာမည်ကို ကြားချိန်မှာ​တော့ သွန်း​နေခြည်ရဲ့ လက်​တွေက မသိမသာ တန့်သွားခဲ့တယ်။ ဒါ​ပေမဲ့ သိပ်မကြာခင်မှာဘဲ ဘာမှ မဟုတ်သလို သူမလက်​တွေကပြန်ပြီး အိမ့်နဒီရဲ့ မျက်နှာ​ပေါ်မှာ ​ပြေးလွှား​နေပြန်တယ်။

"လိုက်ညွှန်​ရမလား"

"ရပါတယ် ခဏ​​နေ မမသူ လာကြိုမှာ"

"မမသူ???"

သွန်း​နေခြည်က မျက်ခုံး​မွှေးဆွဲ​နေတာကိုပါ ရပ်လိုက်မိတယ်။ အဲ့ဒါက ဟို မိန်းက​လေး​လေ။

"ချစ်လွန်းသူ​လေ သွန်းလည်းသိပါတယ် ဟိုးတစ်​နေ့က​​ အိမ့်အကတိုက်တဲ့ဆီမှာ ​တွေ့တဲ့အမ​လေ"

"အဲ့အမနဲ့ အရမ်းရင်းနှီးတာဘဲလား"

အိမ့်နဒီ ချက်ချင်း ​ခေါင်းခါလိုက်တယ်။

"အရမ်း​တော့ မရင်းနှီး​ပါဘူး ဒီ​နောက်ပိုင်းမှ နည်းနည်းရင်းနှီးလာတာ အရင်ကဆို စကား​တောင် ငါးခွန်းပြည့်​အောင်မ​ပြောဖူးဘူး"

အိမ့်နဒီက လက်ငါး​ချောင်း​​ထောင်ပြကာဆိုတယ်။

သွန်း​နေခြည် ဘာမှ မ​ပြောဘဲ ​ခေါင်းငြိမ့်ကာ မျက်ခုံး​မွှေးကို ဆက်ဆွဲလိုက်တယ်။

"မ​နေ့က အကတိုက်တဲ့ဆီက သူ လိုက်ပို့​ပေးတာ​လေ အဲ့မှာ ကိုလင်္ကာက ဖုန်းဆက်လာတာနဲ့ သွားစရာရှိတဲ့အ​ကြောင်းသိသွားတာ အဲ့ဒါကို သူလည်း မနက်ဖြန်အား​နေတာ လိုက်ညွှန်မယ်လို့ ​ပြောလာလို့​လေ"

သွန်း​နေခြည် ​ခေါင်းညိတ်လိုက်ပြီး ဘာမှ မ​ပြော​တော့ဘဲ အိမ့်နဒီကို ဆက်ပြီး ပြင်ဆင်​ပေးလိုက်တယ်။

​နောက်ဆုံး ပြင်ဆင်လို့ ပြီးသွားချိန်မှာ​တော့ ချစ်လွန်းသူလည်း ​ရောက်လာခဲ့တယ်။
သူမက အခန်းထဲမဝင်ဘဲ အခန်းအပြင်က​နေဘဲ အိမ့်နဒီကို ​စောင့်​နေခဲ့တယ်။

အိမ့်နဒီ ပုံဆွဲစာအုပ်ထဲက စိုင်းလင်္ကာရဲ့ ပုံကို ဆွဲထားတဲ့ ပုံကြမ်းကို ဖြဲယူလိုက်တယ်။

ပြီး​တော့ ဖိနပ်ကို ကသုတ်ကရုတ်စီးလိုက်ကာ သွန်း​နေခြည်ကို နှုတ်ဆက်လိုက်တယ်။

"သွန်း ငါသွား​တော့မယ်​နော်"

သူမထွက်သွား​တော့ သွန်း​နေခြည်က ပစ်စလတ်ခတ် ထားသွားတဲ့ အိမ့်နဒီရဲ့ ပုံဆွဲစာအုပ်ကို သိမ်း​ပေးဖို့လုပ်လိုက်တယ်။ ထိုအခါမှ သွန်း​နေခြည် ပုံဆွဲစာအုပ်ထဲကသူမပုံကို သတိထားမိတယ်။

--------------------
Ps
ဒီ​နေ့ က​လေး​တွေနဲ့ ဆီမီးတစ်​ ထောင်သွားလွှတ်တာ
ကိုယ်​တေက ဆီးမီးတစ်ခွက်လွှတ်ပြီးတိုင်း PDF ​​အောင်မြင်ပါ​စေ တိုင်းရင်းသားလက်နက်ကိုင်​တွေအားလုံးတိုက်ပွဲတိုင်းနိုင်ပါ​​စေ စစ်ဖြစ်​နေတဲ့​ဒေသက လူ​တွေအားလုံးကို နတ်​ကောင်းနတ်​မြတ်​တွေ ​စောင့်​ရှောက်ပါ​စေ​လို့ စိတ်ထဲက​နေဆု​တောင်းတာ​ပေါ့

ဒါ​ပေမဲ့က​လေး​တွေက​တော့အကျယ်ကြီးဆု​တောင်း​နေတာ
Ma A loe မင်း​အောင်လှိုင်မြန်မြန်​သေပါ​စေတဲ့

အဲ့ဒါနဲ့ ကိုယ်လည်း မဖြစ်​တော့ဘူးဆိုပြီး အားကျမခံ စစ်တပ်တစ်ခုလုံးတွက်ပါ ဆု​တောင်း​ပေးလိုက်ရတယ် မြန်မြန်မာလကီးယားကြပါ​စေလို့

My Roommate was changing(completed)Where stories live. Discover now