ဖေဖော်ဝါရီ ၁၄ရက်-
ကျောင်းပိတ်ရက် ဖြစ်ပေမဲ့ သွားစရာရှိတာကြောင့် သွန်းနေခြည် မနက် ၆နာရီလောက်ကို အိပ်ယာထလာတယ်။
ထိုအချိန်မှာ အိမ့်နဒီကတော့ အိပ်လို့ကောင်းတုန်းပင်။
ရေပါချိုးပြီး ပြန်လာတဲ့ သွန်းနေခြည်က အိပ်နေသေးတဲ့ အိမ့်နဒီကိုကြည့်လိုက်တယ်။
လွန်ခဲ့တဲ့ ၂ပတ်လောက်ကထဲက အိမ့်နဒီက သူမကို အရင်လိုမဟုတ်ဘဲ ခပ်တန်းတန်း ဖြစ်နေတာကို သူမသတိထားမိတယ်။
တတောင် တောင် တောင်
ရုတ်တရက် သူမခေါင်းရင်းမှ ဖုန်းက ထမြည်လာတယ်။
ခေါ်နေသူက ရွှေရတီဦးပင်။သူမက ဖုန်းကို ကောက်ကိုင်လိုက်ပြီး အိမ့်နဒီက အိပ်နေသေးတာမို့ လေသံ တိုးတိုးလေးပြောလိုက်တယ်။
"အေး"
"Happy birthday "
တစ်ဖက်ဖုန်းမှ အာပြဲကြီးနဲ့ အော်လိုက်ခြင်းပင်။
"နင့်ရဲ့ ထူးထူးခြားခြားမွေးနေ့လေးမှာ ငါ့ကိုတစ်ခုခုလိုက်မကျွေးချင်ဘူးလား"
"ငါလုပ်စရာရှိသေးတယ် ပီးမှ"
"ဘာလုပ်စရာရှိတာလဲ ငါလာခဲ့မယ်လေ မွေးနေ့ကြီးမှာ တစ်ယောက်ထဲဆို မကောင်းဘူးလေ ဟဲဟဲ"
တစ်ဖက်ဖုန်းမှ လူက အရမ်းကို တက်ကြွနေတယ်ဆိုတာကို ဖုန်းထဲကလေသံနဲ့ တောင် ခန့်မှန်းလို့ရနိုင်တယ်။
"တစ်ယောက်ထဲ မဟုတ်လောက်ဘူး"
သွန်းနေခြည် ထိုစကားကို အိပ်နေသေးတဲ့ အိမ့်နဒီကို ကြည့်ကာပြောလိုက်ပြီး သူမနှုတ်ခမ်းတွေက အပေါ်ကို ကွေးတက်သွားတယ်။
"ငါ့အခန်းဖော်နဲ့"
"နင့်အခန်းဖော်? ဟိုအရမ်းပြဲတဲ့ တစ်ယောက်လား? အာ ပြောမှဘဲ အဲ့တစ်ယောက် အသံမကြားတာကြာပြီနော် ငါတောင် သူ့အာပြဲကြီးနဲ့ ရီတဲ့ အသံကို မေ့ချင်လာပီ"
"သူက ခုတလော ငါ့ကိုရှောင်နေတယ်"
သွန်းနေခြည် ထပ်ပြီး အိမ့်နဒီဘက်ကို အကြည့်ရောက်သွားပြန်တယ်။