အပိုင်း ၈

1.3K 126 0
                                    

(I wanna kiss kiss Hahahaha)

*****

အချိန်မဟုတ် အခါမဟုတ် ရွာ​နေတဲ့ မိုးကြောင့် အိမ့်နဒီ ​အ​နောက်​ဆောင်ကို မသွားဖြစ်ဘဲစောင်ခြုံထဲမှာ​​ကွေး​ရင်း လိုင်းသုံး​နေခဲ့တယ်။ ရာသီဥတုက တစ်​နေ့လုံး​ကောင်း​နေပြီး မိုးချုပ်မှ ထ​ဖောက်ခြင်းပင်။

နှာဘူးမ: ငါဒီ​နေ့ရိုက်ထားတဲ့ပုံ​​တွေတင်ထားတာ​တွေ့လား?

အိမ့်နဒီ: နင်ဘယ်ချိန်ကအဲ့ပုံ​တွေရိုက်လိုက်တာလဲ

နှာဘူးမ: မသိလိုက်ဘူး​ပေါ့ ဟဟဟ

အိမ့်နဒီ: နင်ပုံက တစ်ပုံဘဲပါပီး ငါတို့ပုံ​တွေရီးဘဲ
​သွန်းမကြိုက်ဘဲ​နေမယ် ပြန်ဖျက်လိုက်ပါလား

နှာဘူးမ: သူကအကြိုက်​တောင်လွန်​နေအုံးမယ်

စာ​နောက်ဆုံးမှ မျက်မှန်အမဲနဲ့ emo က အမြင်ကပ်ဖွယ်ကပ်ပါလာတယ်။

အိမ့်နဒီ ရှုံ့မဲ့​​နေတဲ့ မျက်နှာနဲ့ အဘွားကြီးပုံကို ပြန်ပို့လိုက်တယ်။

သူမက ​​ရွှေရတီဦးနဲ့ စကား​ပြော​နေခြင်းပင်။ ​ရွှေရတီဦးက သူမဆီကို အ​ကောင့် ၂ခုနှင့်လာအပ်ခဲ့ခြင်းဖြစ်တယ်။ 

အပုံများကို နာမည်အရင်းနဲ့ အ​ကောင့်မှ တင်ထားပြီး အိမ့်နဒီကိုက နှာဘူးမဆိုတဲ့ ​အကောင့်နဲ့ စကားလာ​​ပြော​နေခြင်းပင်။

နှာဘူးမ: အိမ့် ငါ​မေးအုံးမယ်

အိမ့်နဒီ: ​မေး​လေ

နှာဘူးမ: နင် ​ဒီတ​လော ဘာလို့ နေခြည်ကို ​ရှောင်​နေခဲ့တာလဲ

ထိုစာ​ကြောင့် အိမ့်နဒီ ​ကုတင်​ဘေးမှာ စာလုပ်​နေတဲ့ သွန်း​နေခြည်ဆီအကြည့်​ရောက်သွားတယ်။

အိမ့်နဒီ: နင်ကဘာလို့ ​အဲ့လို​မေးတာလဲ

နှာဘူးမ: ​နေခြည်က​​ပြောလို့ နင်သူ့ကို ​ရှောင်​နေတယ်လို့ သူအရမ်းစိတ်မ​ကောင်းဖြစ်​နေပုံဘဲ

အိမ့်နဒီရဲ့ အကြည့်​တွေက ​သွန်း​နေခြည်ထံ​ရောက်သွားပြန်တယ်။ သူမပုံစံက လုံးဝခန့်မှန်းလို့မရနိုင်ဘူး။

ဘာ​ကြောင့်မှန်းမသိ ​ရွှေရတီဦး သူမကို ​ပို့လာတဲ့ စာတိုင်းက ထူးဆန်း​နေတယ်လို့ အိမ့်နဒီထင်​နေမိတယ်။

My Roommate was changing(completed)Where stories live. Discover now