Intro

7K 197 2
                                    

အိမ့်နဒီ တစ်​ယောက် မျက်လုံး​တွေကိုမှိတ်ထားပြီး ​သူမရှေ့မှာရှိ​နေတဲ့ သူမအခန်း​ဖော် သွန်း​နေခြည် လုပ်သမျှကို ငြိမ်ငြိမ်​လေးသာခံ​နေခဲ့တယ်။ သူမရဲ့ မျက်လုံးတစ်ဝှိုက်မှာ ​ပြေးလွှား​နေတဲ့ Eyeliner ကိုသူမခံစားမိ​နေပြီး အဲ့ဒါက သူမမျက်လုံးကို ယားယံ​စေတယ်။

တနင်္ဂ​နွေ ​ကျောင်းပိတ်ရက်ဖြစ်တာ​​ကြောင့် တစ်သက်တာ single သက်တမ်းရှိ​သော သူမတို့နှစ်​ယောက်သာ အ​ဆောင်၌ကျန်​နေခဲ့ခြင်းဖြစ်တယ်။

ယခုကား ပုံမှန်အတိုင်း သွန်း​နေခြည်ရဲ့​တောင်းဆိုချက်​ကြောင့် သူမရဲ့ makeup ​မော်ဒယ် လုပ်​ပေး​နေရခြင်းဖြစ်တယ်။ ပုံမှန် ​အေးစက်စက်​နေတတ်တဲ့ သွန်း​နေခြည်ဟာ သူမမျက်နှာသာသူမ makeup မလိမ်း​ပေမဲ့
ဘာ​ကြောင့်မှန်းမသိ အိမ့်နဒီရဲ့ မျက်နှာကို makeup လိမ်း​ပေးရတာကို အလွန်ကြိုက်​လေတယ်။

"ဘာလို့ရပ်သွားတာလဲ ပီးပီလား"

Liner ဆွဲ​နေရာမှ ရပ်တန့် သွား​သော သွန်း​နေခြည်​ကြောင့် အိမ့်နဒီ ​မေးလိုက်တယ်။

"မပီး​သေးဘူး"

သူမ အ​မေးကို သွန်း​နေခြည် တစ်​ယောက် ပြန်​ဖြေလာပီး သူမရဲ့ မျက်နှာကို ဆက်လက်ကိုင်တွယ်​နေတယ်။

'ငါဘဲထင်​နေတာလား သွန်း အသံက တစ်မျိုးကြီးဖြစ်​နေတယ်'

အိမ့်နဒီ ​တွေးလိုက်တယ်။ အကြာကြီး မျက်လုံးမှိတ်ထားရတာ​ကြောင့် ၁၀ မိနစ်​လောက်ကြာပြီးချိန်မှာ​တော့ သူမနည်းနည်း​ငိုက်လာတယ်။ သူမ သာ နံရံကို မှီပြီး ​နေ​နေတာ မဟုတ်ရင် သူမ လဲကျသွား​လောက်ပြီပင်။

သူမရဲ့ အိမ်မက်ထဲမှာ ​တောင် ​ကောင်​ချော​လေးတစ်​ယောက်ကို သွားငမ်း​နေခဲ့ပြီး အဲ့ဒီ​ကောင်​ချော​လေးက သူမအနားကို ကပ်လာခဲ့တယ်။ သူမ သူရဲ့ ဝင်သက်ထွက်သက်ကို ခံစားမိ​​လောက်တဲ့ထိကို သူမတို့နှစ်​ယောက်နီးကပ်​နေခဲ့ပြီ။ ​နောက်ဆုံးမှာ​တော့ နူးညံ့ပြီး ​ပျော့​ပျောင်း ​နေ​တဲ့ ထိုသူရဲ့ နှုတ်ခမ်းတွေက သူမနှုတ်ခမ်းကို ထိကပ်လာပြီး သူမအားနမ်းခဲ့တယ်။

'မဟုတ်​သေးဘူး တစ်ခုခု မှား​နေပြီ ငါအိမ်မက်မက်​နေတာ​လေ ဘာလို့ အထိအ​တွေ့က အရမ်းကိုလက်​တွေ့ဆန်​နေရတာလဲ'

သူမအိမ်မက်ကမ္ဘာထဲက​နေ လက်​တွေ့ကို အသိဝင်လာပြီး သူမမျက်လုံးကို ဖျတ်ခနဲ ဖွင့်ကြည့်လိုက်ချိန်မှာ သူမကိုတစ်စုံတစ်​ယောက် ကနမ်း​နေတာကို ​တွေ့လိုက်ရတယ်။ သူမမျက်လုံး ​တွေက ပြူးကျယ်လာပြီး သူမရဲ့ ပထမဆုံးတုံ့ပြန်မှု သူမကိုနမ်း​နေတဲ့ သူကို တွန်းထုတ်ပစ်လိုက်ခြင်းပင်။

"နင် "

အိမ့်နဒီ ဘာစကားမှ မ​ပြောနိုင်​တော့ဘဲ ရပ်သွားပြီး သူမပါးစပ်ကို လက်နဲ့ အုပ်လိုက်ကာ သူမ​ရှေ့က သူမရဲ့သူငယ်ချင်းကို အံ့ဩထိတ်လန့်စွာ မျက်လုံးများပြူးပြီး ကြည့်​​နေမိတယ်။

'ကမ္ဘာကြီးက ဘာ​တေဖြစ်ကုန်တာလဲ'

အိမ့်နဒီတစ်​ယောက် မိုးကြိုးပစ်ခံလိုက်ရသလိုမျိုး ဦး​ခေါင်းတစ်ခုလုံး ထုံထိုင်းသွားခဲ့တယ်။

"Sorry နင်အိပ်​ပျော်​နေတာက အရမ်းချစ်စရာ​ကောင်း​နေ​လို့ နောက်ပီး နဂိုထဲက ငါက နင့်ကို သ​ဘောကျ​နေ​​တာလေ မသိဘူးဆိုရင်​တော့နင်တုံးလို့ဘဲ"

သွန်း​နေခြည်ရဲ့ စကား​တွေကိုကြားပြီးချိန်မှာ​တော့ အိမ့်နဒီ တစ်​ယောက် ​ယောက်ျား​လေးအိမ်သာကို မှားဝင်မိသလိုမျိုး ရှက်လွန်းလို့ တစ်ကိုယ်လုံးထူပူသွား​တော့တယ်။

'နဂိုထဲက ငါ့ကို သ​ဘောကျ​နေတာ °0°
ဘယ်အချိန်ထဲကဘယ်လို​တွေ စမှား​​နေတာလဲ? ဘာ​တွေ ဘယ်လိုဖြစ်ကုန်တာလဲ? ○-○'

My Roommate was changing(completed)Where stories live. Discover now