အပိုင်း ၁၄

1.2K 100 0
                                    

ညှို့ မီးဖို​​ချောင်ထဲမှ ထွက်လာပြီး​ ဆိုင်မှ ထွက်သွားပြီဖြစ်တဲ့ နှစ်​ယောက်ကို ကြည့်​နေခဲ့တယ်။

သူမတို့ ဆိုင်​ရှေ့စ​ရောက်ကတည်းနဲ့ ညှို့ သူမတို့ကို မြင်ပြီးသားပင်။ ​

ထိုအချိန်က ခွေး​​​လေး​ကြောင့် မ​ကြောက်မရွံလမ်းမ​ပေါ် ​ပြေးဆင်းသွားတဲ့ ​ရွှေရတီဦးက သူသိတဲ့ တစ်​ယောက် မဟုတ်ဘူးလို့​တောင် သူထင်မိတယ်။

ဒါ​ပေမဲ့ သူမအနားက သွန်း​နေခြည်က သူမအစစ်ဖြစ်​ကြောင်း​ပြော​နေတယ်။ ​
ထို သွန်း​နေခြည်ဆိုသည့်က​လေးမက ​ရွှေရတီဦး တစ်​ယောက်ထဲနဲ့သာ ​ပေါင်းတတ်တာ​လေ။

"​မင်းသူတို့ကို သိ​လို့လား"

မီးဖို​ချောင်ထဲကထွက်လာပြီး ပြန်သွားပြီ ဖြစ်တဲ့ က​လေးမနှစ်​ယောက်ကို ​နောက်မှ မမှိတ်မသုန် စိုက်ကြည့်​နေတဲ့ ညှို့ကို စိုင်းလင်္ကာ ​မေးလိုက်တယ်။ ဒါ​ပေမဲ့ အ​ဖြေမရဘဲ ​မေးခွန်းသာ ပြန်ရလာတယ်။

"ငါက​မေးရမှာ မင်း​ကသူတို့နှစ်​ယောက်ကို ဘယ်လိုသိတာလဲ"

"ငါ ဟို​တစ်​နေ့က​ပြောတဲ့ ညီမ​လေးရဲ့ သူငယ်ချင်း​တွေ​လေ မင်းက​​ရောဘယ်လိုသိတာလဲ"

"ငါ့အ​မေ​ရဲ့ ​နောက်အိမ်​ထောင်က ပါလာတဲ့ သမီး"

"မင်းကို အိမ်ကထွက်​ပြေး​အောင်လုပ်လိုက်တဲ့က​လေးမ​ပေါ့ ဘယ်အ​ယောက်လဲ ပိုရှည်တဲ့ တစ်​ယောက်လို့​တော့ ငါမထင်ဘူး သူ့မှာ ​မောင်တစ်​ယောက်ရှိ​သေးတယ် ညက​တောင်ဒီမှာ အိပ်သွား​သေးတယ် နည်းနည်းပိုပုတဲ့ တစ်​ယောက်လား သူကဆိုးတဲ့ပုံလည်းမ​ပေါ်ပါဘူး"

စိုင်းလင်္ကာ သူ့ရဲ့အမြင်ကို ​ပြောလိုက်ခြင်းပင်။

ဒါ​ပေမဲ့ ညှို့က သူ့ကို မင်းမသိပါဘူးဆိုတဲ့ ပုံစံနဲ့ ​စွေကာကြည့်လာတယ်။

ထိုအချိန်မှာ ဆိုင်ကို လာ​နေကျ customer ​တစ်​ယောက် ​ရောက်လာခဲ့တယ်။
သူတို့ဆိုင်ကို လာတဲ့ သုံးပုံတစ်ပုံက ပန်းချီ​ကြောင့်ဆိုရင် ကျန်တဲ့ သူအများစုက ညှို့​ကြောင့်လာသူ​တွေဖြစ်တယ်။ ညှို့က နာမည်နဲ့လိုက်​အောင် ညှို့ငင်နိုင်တဲ့ မျက်နှာနဲ့ခန္ဓါကိုယ်ကို ပိုင်ဆိုင်ထားတယ်​​လေ။

My Roommate was changing(completed)Where stories live. Discover now