အပိုင်း ၆

1.5K 119 0
                                    

သူမတို့ အပြင်ထွက်လာချိန်မှာ​တော့ ​မသက်မသာခံစား​​နေရတဲ့ အခြားနှစ်​ယောက်နဲ့ မတူဘဲ ရွှေရတီဦးက​တော့ သူမ​အ​ရှေ့မှ couple လိုဖြစ်​နေတဲ့ မိန်းက​လေးနှစ်​ယောက်ကိုကြည့်ကာ အရမ်း​တွေ​ကျေနပ်​နေတယ်။

ထိုသို့ ဖြစ်​အောင် သူမက တမင်သက်သက် သွန်း​နေခြည်ကို အဖြူ​ရောင်ရှပ်နဲ့ ဂျင်း​ဘောင်းဘီကို မနည်းရှာကာ ​ရွေး​ပေးထားခြင်းပင်။

သူမ​မွေး​နေ့လက်​ဆောင်​ပေးမယ်ဆိုတဲ့ ဖန်​​ဂေါ်လီ​တွေအများကြီး ထည့်ထားတဲ့ ဗူးကို​တောင် ​​မေ့သွားတယ်။

သူမတို့ မနက်စာကို ​ကျောင်းနဲ့နီးတဲ့တစ်​နေရာမှာဝင်စားလိုက်တယ်။​ ရွှေရတီဦး​​ကောင်းမှုနဲ့ ​သွန်း​​နေခြည်ရဲ့ ပိုက်ဆံအိတ်ထဲမှ ​သောင်းကဏန်း​လောက် ခုန်ထွက်သွားတယ်။

ပြီး​တော့ ​မွေး​နေ့ရှင် သွန်း​နေခြည်လိုချင်တာ တစ်ခုခု ဝယ်ဖို့ သူမတို့ ​မြို့ပတ်ကြ​တော့တယ်။

ဘာ​ကြောင့်လဲဆို​တော့ သူမမှာ ဘာလုပ်မယ်ဆိုတဲ့ အစီအစဥ်လည်း ​​သေချာမရှိလို့ဘဲ။ သူမ​ ပထမ​တွေးထားတဲ့ အစီအစဥ်ကလည်း ​ရွှေရတီဦး​ ကောင်းမှုနဲ့ ပျက်စီးသွားပီ​လေ။

ဒါ​ကြောင့် သူမရဲ့ ​မွေး​နေ့အတွက် သူမ မား ​ပေးထားတဲ့ ​ငွေကို သူမအသုံးချဖို့ဆုံးဖြတ်လိုက်တယ်။

သွန်း​နေခြည်ရဲ့ အ​မေနဲ့ မားက မလာအားတာ​ကြောင့် သူမကို ​​မွေး​နေ့လက်​ဆောင်အဖြင့် တစ်ခုခု ဝယ်ရန် ပိုက်ဆံ​လွဲပေးလိုက်ခြင်းဖြစ်တယ်။

သူမတို့ နာရီဝက်​လောက် လိုက်ပတ်ကြည့်ပြီးတာ​တောင် သွန်း​နေခြည် လိုချင်​တဲ့ ပစ္စည်း ဆိုင်မ​တွေ့​​ဘူး။
ဒါ​ကြောင့် သူမတို့ရဲ့ ဦးတည်ချက်က ​စျေးကို ဖြစ်လာတယ်။

သူမတို့ ​စျေးထဲဝင်လာပြီး အင်္ကျီဆိုင်​တွေ၊ ဖန်စီဆိုင်​တွေ၊ နာရီဆိုင်​တွေ၊ လက်ဝက်လက်စားဆိုင်​တွေ တစ်ခုပြီးတစ်ခုဝင်ကြည့်ကြတယ်။ ဒါ​ပေမဲ့ သွန်း​နေခြည်လိုချင်တာကို မ​တွေ့​သေးဘူး။

​​လက်ဝတ်ရတနာ​တွေ ​ရောင်းတဲ့ ဆိုင်တစ်ခု​ရှေ့​ရောက်ချိန်မှာ​တော့ သွန်း​နေခြည် ရပ်လိုက်တယ်။

My Roommate was changing(completed)Wo Geschichten leben. Entdecke jetzt