"အိမ့် နင်လည်း လုံးဝနှာဘူးမဘဲ"
"ဒါက နှာဘူးထတာ မဟုတ်ဘူး သဘာဝရဲ့ အလှအပကို ခံစားတတ်တာ"
အိမ့်နဒီက ခပ်ပြောင်ပြောင်ဘဲပြန်တုံ့ပြန်တယ်။
"နှာဘူးက နှာဘူးဘဲ"
ရွှေရတီဦးက မဲ့ရွဲ့ကာ ပြောလိုက်ပြီး ညာလက်မှ ကြက်တောင်ပံကို ကောက်ကိုက်လိုက်ကာ ဘယ်လက်ဖြင့် နောက်စာမျက်နှာကိုလှန်လိုက်တယ်။
သွန်းနေခြည်ကတော့ သူမရဲ့ စားလို့ပီးသွားတဲ့ ထမင်းဗူးကို ပိတ်ပြီး ကြက်ကြော်တစ်တုံးကောက်ဝါးနေတယ်။
"ဒါက ဟို စိုင်းအလင်္ကာဆိုတဲ့ အကိုရဲ့ပုံမလား"
ရွှေရတီဦးကြည့်နေတဲ့ပုံကို အိမ့်နဒီတစ်ချက်သာလှမ်းကြည့်တယ်။ ထိုပုံက ကိုစိုင်းလင်္ကာ အတင်းတောင်းဆိုနေတာကြောင့် နေ့လည်က သူမ အရမ်းပျင်းတာနဲ့ ဆွဲထားတဲ့ပုံပင်။
"စိုင်းလင်္ကာပါ ဘယ်က အ ကပိုလာတာလဲ"
ပန်းချီဆရာဆီက ပန်းချီပြန်အပ်ခံရတာကို အိမ့်နဒီကလွဲပြီး ဘယ်သူမှ ကြုံဖူးမှာမဟုတ်ဘူး။ သူက ဘယ်လိုဘဲ ဆွဲဆွဲ သူမဆွဲတာလိုချင်တယ်ဆိုတော့ သူမက ပုံကြမ်းသာဆွဲထားလိုက်ခြင်းဖြစ်တယ်။
သွန်းနေခြည်ကတော့ ထိုပုံကို မျက်လုံးပေါက်ထွက်မတတ်ကြည့်နေတယ်။ ထိုပုံက ပုံကြမ်းတစ်ခု ဖြစ်နေသေးတာတောင် ဘယ်သူ့ပုံဆွဲထားတယ်ဆိုတာ သိသာနေတယ်။
သူမစိတ်ထဲမှာတော့ အိမ့်နဒီ ပြောခဲ့ဖူးတဲ့ စကားက သွားသတိရနေမိတယ်။
'ငါက လူတိုင်းရဲ့ ပုံတူကိုမဆွဲနိုင်ဘူး။ ပုံတူပန်းချီဆွဲဖို့က ငါ့အတွက် ခံစားချက်နဲ့ဆိုင်တယ်။ ပြီးတော့ ထူးခြားတယ်။ ရှင်းရှင်းပြောရရင် ငါချစ်တဲ့ သူတွေရဲ့ပုံကိုဘဲငါက ဆွဲနိုင်တာ'ထိုနေ့က အမတစ်ယောက်က ပုံတူပန်းချီဆွဲပေးဖို့ လာပြောတာကို သူမက ငြင်းလိုက်ပြီး ထိုအမ ထွက်သွားတော့မှ သူမ(သွန်းနေခြည်)ကို ပြောခဲ့ခြင်းပင်။
သွန်းနေခြည်က ထိုပုံကို အလိုမကျစွာစိုက်ကြည့်နေပြီး သူမရဲ့ဖုန်းမြည်နေတာကိုတောင် သတိမထားမိဘူး။