ထိုနေ့ပြီးနောက်မှာတော့ သူမတို့တွေ အထွေအထူးမရှိဘဲ ရိုးစင်းလှနဲ့ နေ့ရက်တွေကို အေးချမ်းစွာ ဖြတ်သန်းလာရတော့တယ်။
ဒီလိုနဲ့ အချိန်တွေကုန်ဆုံးသွားပြီး အိမ့်နဒီတို့ရဲ့ မေဂျာ Welcome နေ့ကိုရောက်လာခဲ့တယ်။"သွန်း မပီးသေးဘူးလား ငါနောက်ကျတော့မယ်"
make-up လိမ်းပေးနေတဲ့ သွန်းနေခြည်ကို.အိမ့်နဒီ လောဆော်လိုက်တယ်။
သွန်း: "ခဏလေး ပီးတော့မယ်"
အိမ့်: "အဲ့လိုပြောပြီး ၁နာရီလောက်ရှိနေပီ"
သွန်း: "တကယ်ပြီးတော့မယ် နှုတ်ခမ်းနီဆိုးပြီးရင် ပြီးပြီ ပါးစပ်ဟ အာ"
အိမ့်နဒီ ပါးစပ်ကို ဟလိုက်ရင်း မျက်လုံးဖွင့်ကာ သွန်းနေခြည်ကို ကြည့်လိုက်တယ်။ နှုတ်ခမ်းနီကို စိတ်ပါလက်ပါ ဆိုးပေးနေတဲ့ သွန်းနေခြည်ရဲ့ ပုံစံက မဖြီးလိမ်းထားတာတောင် လှပလွန်းတယ်။
အိမ့်: "သူများ မျက်ခုံးမွှေးကတော့ မဲနက်နေတာဘဲ ငါ့မှာတော့ နီကျံကျံ ပလူမွှေးပလူထောင်ဘဲရှိတယ်"
သူမစကားကြောင့် make-up လိမ်းတာကို အစပ်သတ်နေရင်း သွန်းနေခြည် ပြုံးသွားခဲ့တယ်။
သွန်း: "မျက်ခုံးမွှေးနီနီလေးက ချစ်စရာကောင်းတယ်လေ နင်နဲ့လိုက်တယ်"
အိမ့်: "စိတ်ချမ်းသာအောင်ပြောနေပြန်ပြီ"
သွန်း: "တကယ်ပြောတာပါ။ ကဲ ပီးပီ အဝတ်အစားလဲတော့ ငါလိုက်ပို့ပေးမယ်"
အိမ့်: " ဟီး ချစ်စရာကောင်းလိုက်တာ သွန်းသွန်းလေးက ချစ်စရာအကောင်းဆုံးဘဲ"
ပြောရင်း အိမ့်နဒီက သွန်းနေခြည်ရဲ့ ပါးကို ဆွဲညစ်လိုက်တယ်။ ပြီးတော့ နေရာမှ ထလိုက်ပြီး သူမရဲ့ ဝတ်စုံကို ယူကာ လဲနေခဲ့တယ်။
သူမက အင်္ကျီ လဲနေပြီဖြစ်ပေမဲ့ သွန်းနေခြည်က တော့ ကိုယ့်ပါးကိုယ် ပွတ်ရင်း ကြိတ်ကာပြုံးနေခဲ့တုန်းပါဘဲ။
သူမရဲ့ ခန္ဓါကိုယ် တစ်ခုလုံးက နွေးထွေးနေပြီး ဘယ်ဘက်ရင်အုံက နှလုံးသားကလည်း နူးနူးညံ့ညံ့ မသိမသာလေး ခုန်လှုပ်နေခဲ့တယ်လေ။ တကယ်ကိုမှ နေသာထိုင်သာရှိလွန်းတဲ့ ခံစားချက်ပါဘဲ။ သူမရဲ့ ပျော်ရွှင်မှုကို ခံစားနေမိတယ်။