ပြေးထွက်သွားတဲ့ အိမ့်နဒီရဲ့နောက်ကို ပထမတော့ သွန်းနေခြည်မလိုက်ခဲ့ဘူး။ ဒါပေမဲ့ နာရီဝက်လောက်ကြာပြီးတော့ သူမ မနေနိုင်တော့ဘူး။
အပေါ်ဖုံးကို ကောက်ဝတ်လိုက်ပြီး ထွက်လာခဲ့လိုက်တယ်။ ဖုန်းဆက်ရအောင်လဲ ဖုန်းမယူသွားတာကြောင့် သွန်းနေခြည် အဆောင်ပတ်ဝန်းကျင်မှာ သူမကို လိုက်ရှာနေရတယ်။ နောက်ဆုံးတော့ သူမကျောင်းဝင်းထဲရောက်လာပြီး ကုက္ကိုပင်အောက်က ခုံလေးမှာထိုင်နေတဲ့ အိမ့်နဒီကို တွေ့သွားခဲ့တယ်။
"အိမ့် ငါတောင်းပန်ပါတယ်"
အိမ့်နဒီက ခေါင်းကို ငုံ့ထားပြီး သွန်းနေခြည်ကို ကြည့်တောင်မကြည့်ဘူး။ သွန်းနေခြည် သက်ပျင်းချလိုက်ပြီး သူမဘေးမှာ ဝင်ထိုင်လိုက်တယ်။
ထိုအခါမှ အိမ့်နဒီက လေသံခပ်တိုးတိုးနဲ့ စကားဆိုလာခဲ့တယ်။အိမ်; "ငါကမှ တောင်းပန်ရမှာ ငါကအရမ်းလောဘကြီးပြီး သရဲဘောကြောင်တဲ့သူဖြစ်နေလို့"
ထိုသို့ပြောပြီး အိမ့်နဒီ သွန်းနေခြည်ကို ကြည့်လိုက်တယ်။
အိမ့်; "ခုထိလည်း တစ်ကိုယ်ကောင်းဆန် လောဘကြီးနေချင်နေသေးတယ် ငါအဲ့လိုလုပ်လို့ရတယ်မလား"
သူမသိနေတယ် သွန်းနေခြည်က သူမဘာကိုဆိုလိုတယ်ဆိုတာကို နားလည်တယ်ဆိုတာ။ ဒါပေမဲ့ သွန်းနေခြည်ရဲ့ မျက်နှာမှာ အိမ့်နဒီ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ဝမ်းနည်းမှုကို မြင်တွေ့လိုက်ရတယ်။
သူမက ချက်ချင်း အိမ့်နဒီဆီမှ မျက်နှာလွဲလိုက်တယ်။သွန်း; "နင်ငါ့ကို ဘယ်လို သဘောထားနေတာလဲ"
အိမ့်; "ငါ.... "
သူမဘာမှဆက်ပြီး မပြောနိုင်ဘူး။
ထိုအခါမှာတော့ သွန်းနေခြည်က သူမကို ကြည့်လာပြန်တယ်။ သူမရဲ့ မျက်ခမ်းစပ်တွေကလည်း နီရဲနေပြီး ငိုတော့မည့်ပုံပေါ်နေတယ်။သွန်း; "မဖြေနိုင်ဘူးပေါ့။ နင်မဖြေနိုင်ပေမဲ့ ငါတော့ နင်က ငါ့အတွက်ဘာလဲဆိုတာကို ကောင်းကောင်းသိတယ်။ နင်က ငါချစ်တဲ့သူ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်တဲ့ ငါချစ်ရတဲ့သူ။ နင်လည်း ဖြည်းဖြည်းချင်း စဥ်းစားပေါ့ ငါက နင့်အတွက် ဘာလဲဆိုတာကို"