ဂျူ့ .........
"အာ့.........."
ဒိန်ချဥ်တစ်ဗူးလုံး ကုန်သွားချိန်မှာတော့ အိမ့်နဒီ သူမဗိုက်အား ပွတ်ရင်း ကျေနပ်သွားတဲ့ အသံလေးလုပ်လိုက်တယ်။
ထိုအခါမှ သူမအား ဝယ်တိုက်သူကို သူမသတိရလာကာ ဘေးကုတင်မှာထိုင်နေတဲ့ သွန်းနေခြည်ကို မျက်လုံးထောင့်မှ ချောင်းကြည့်လိုက်တယ်။
သူမက အနည်းငယ်ပျင်းရိနေတဲ့ပုံစံနဲ့ နံရံကိုမှီပြီး သူမဖုန်းကို ကြည့်နေခဲ့တယ်။
ထိုအချိန်က သူမကို ရီနေခဲ့သူက သူမ(သွန်းနေခြည်)နှင့် တစ်ယောက်ထဲ မဟုတ်သလိုပင်။ သူမအတွက် အပြင်မှ တကူးတက ဒိန်ချဥ်ဗူးကို ဝယ်ပေးလာသူမှာလည်း သူမမဟုတ်သည့်အတိုင်းပင်။
သို့ပေမဲ့ နေ့လယ်က သူမ(အိမ့်နဒီ)ကို မကောင်းပြောနေတဲ့ သူနဲ့ ရှိနေစဥ်က ပုံစံနဲ့က အနည်းငယ်ဆင်တူနေခဲ့တယ်။
'သွန်းက သူများကွယ်ရာမှာအတင်းပြောတတ်မဲ့ပုံလည်း မပေါက်ပါဘူး။
ငါ့တွက်လည်း စားစရာတေပါ တကူးတက ဝယ်ပေးတတ်သေးတယ်။ ငါ့ကိုအမြင်မကြည်ဘူးဆိုရင်တော့ မဝယ်ပေးလောက်ပါဘူး။
နေ့လယ်က ငါဘဲအကြားမှာလိုက်တာလား? မဟုတ်သေးပါဘူး ငါနားကြားလည်းမမှားဘူးထင်တာဘဲ။
အာာ ဘာဖြစ်ဖြစ် သူကခု အရမ်းသဘောကောင်းပြီး ချစ်ဖို့ကောင်းနေတယ်'သွန်းနေခြည်ကိုကြည့်ရင်း အိမ့်နဒီ စိတ်ထဲမှ တွေးလိုက်ခြင်းပင်။
သူမတွေးရင်း နောက်ဆုံးမှာတော့ နေ့လယ်ကအကြောင်းကို ဒီတိုင်းမေ့ပစ်လိုက်ဖို့ သူမ ဆုံးဖြတ်လိုက်တယ်။
ဒီတော့ ဘာမှ စဥ်းစားမနေတော့ဘဲ သွန်းနေခြည်ဘက်ကို လှည့်ကာ သူမကို ခေါ်လိုက်တယ်။
"သွန်း"
သူမအခေါ်ကို သွန်းနေခြည်က အကြည့်ဖြင့် တုံ့ပြန်တယ်။
သွန်းနေခြည်က အိမ့်နဒီလုပ်သမျှကိုမျက်လုံးထောင့်မှ တစ်ချိန်လုံး ကြည့်နေခဲ့ကာ သူမခေါ်လိုက်ချိန်မှာတော့ ခေါင်းကိုပါ လှည့်ပြီး ကြည့်လိုက်ခြင်းပင်။