အပိုင်း ၃၁

1K 85 1
                                    

​ကြောက်ဖို့​ကောင်းတဲ့ ​လှောင်အိမ်ထဲက​နေ လွှတ်​မြောက်လာတဲ့ ငှက်က​လေး​က ​လောကကြီးထဲကို ​တောင်ပံဖြန့်ပြီး ပျံသန်းလာခဲ့တယ်။

စိုးယုစံတစ်​ယောက် Mမြို့ကို ​ရောက်သွားပြီး​​တော့ ​ရွှေရတီဦးနဲ့ တိုက်ခန်းမှာ အတူသွား​နေခဲ့တယ်။ ထိုအထိအရာအားလုံးက အဆင်​ပြေ​ချော​မွေ့​နေ​ပေမဲ့ သူမ​ရထားတဲ့အလုပ်က ရုတ်တရက်ကြီး လူမလို​တော့ပဲဖြစ်သွားတယ်။
 
ဒါကြီးက လုံးဝကို စိတ်ညစ်ဖို့​ကောင်းလွန်းတယ်။ သူမထပ်ပြီး အလုပ်ရှာခဲ့တယ်။ အားလုံးကအ​တွေ့အကြုံရှိမှ ​ခေါ်ချင်ကြပြီး သူမလို ဘာမှ မလုပ်ဖူးတဲ့သူကို မ​ခေါ်ချင်ကြဘူး။ ၁လ​​လောက်ကြာပြီး ​ကျောင်းဖွင့်ချိန်​ရောက်လာတာ​တောင် သူမအလုပ်မရ​သေးဘူး။ ​ကျောင်းကိုလည်း သူမအ​ဝေးသင်ပြောင်းလိုက်တယ်။
ရွှေရတီဦးကလည်း သူမကို အား​ပေးရှာပါတယ်။ အလုပ်မရလဲ သူတင်ကျွေးထားမတဲ့​လေ။ ခု​တောင် စိုးယုစံသူမ​အ​ပေါ်​တော်​တော်​လေး အားနာ​နေမိပြီ။ ​

​ဒါ​ပေမဲ့ ဘုရားသခင်က သူမကို လျစ်လျူမရှုတဲ့ပုံပါပဲ။ အိမ့်နဒီနဲ့ ၁ ရက်​လေးအတူအပြင်လိုက်သွားတာ ချက်ချင်းကြီး အလုပ်ရသွားတယ်။ စိုင်းလင်္ကာတို့ဆိုင်မှာ မိန်းက​လေးအလုပ်သမားက လက်ထပ်လိုက်ပြီး အလုပ်ထွက်သွားတယ်​လေ။

စိုးယုစံအလုပ်ရသွားတာ​ကြောင့် ​ပျော်ရွှင်တက်ကြွစွာ ပြန်လာခဲ့လိုက်တယ်။ ​ပျော်လွန်းအားကြီးလို့ သူမ​ဘေးက ​ရွှေရတီဦးရဲ့ လက်ကို ဆွဲထားရင်း ​​လှမ်းကို ​မြောက်ဆွ​မြောက်ဆွ​လျှောက်​နေမိတယ်။

အခန်း​ရှေ့​ရောက်သွား​​တော့ သူမကိုင်ထားတဲ့လက်က ​သူမကို ဆွဲထားခဲ့တယ်။ စိုးယုစံ ချက်ချင်း ​ရွှေရတီဦးကို လှည့်ကြည့်မိတယ်။ ​ရွှေရတီဦးက သူမရဲ့ ​ခေါင်းကို ကိုင်ရင်း ​နေရာမှာတင်​​မေ့လဲသွားတယ်။ သူမလှမ်းဆွဲလိုက်ပေမဲ့ ​ရွှေရတီဦးရဲ့ကိုယ်ကို သူမမနိုင်တာ​ကြောင့် သူမ​ရောပါလဲကျသွားခဲ့တယ်။

"ရတီ ရတီ ဘာဖြစ်တာလဲ"

စိုးယုစံ ထထိုက်လိုက်ပြီး လဲကျ​နေတဲ့ ​ရွှေရတီဦးကို လှုပ်နိုးမိတယ်။

My Roommate was changing(completed)Where stories live. Discover now