"သမီးပါ ဒေါ်သဇင်ဦးက ကျွန်မအမေဘာဖြစ်လို့လဲ"
ဒေါသထွက်နေပုံရတဲ့ ထိုအမျိုးသမီးကို ရွှေရတီဦးပြန်စိုက်ကြည့်ရင်း တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်တယ်။
ရှင်း "ဒါကြောင့် ပုံတူကူးချထားသလို တစ်ပုံစံထဲဖြစ်နေတာပေါ့ ထွက်သွား နင့်ကို မကြိုဆိုဘူး"
ထိုအခါမှ ငွေနှင်းမှုံလည်း ရွှေရတီဦးကို သတိထားမိသွားတယ်။ သွန်းနေခြည်နဲ့ စိုးယုစံ ကတော့ ဘာမှန်းသေချာမသိသူတွေမို့ ကြားထဲမှ အနေခတ်နေကြပြီး အိမ့်နဒီကတော့ ရှင်းမြတ်မွှေးက ဘာကြောင့် သူမဆီလာတဲ့ သူငယ်ချင်းကို မောင်းထုတ်ရတာလဲဆိုတာကို နားမလည်နိုင်ဖြစ်သွားတယ်။
ရွှေရတီဦးကတော့ ဘာကြောင့်မှန်းမသိဘဲ မောင်းထုတ်ခံနေတာကြောင့် အနည်းငယ်ဒေါသထွက်လာခဲ့တယ်။
ရတီ: "ထွက်သွားရအောင်က အမက ဘယ်သူမို့လဲ ပြီးတော့ အမက ကျွန်မအမေကို သိနေလား"
ရှင်း " သိပ်သိတာပေါ့ ကောက်ကျစ်လဲ့ဖြားတတ်တဲ့ နင့်အမေကို ငါမသိပဲနေပါ့မလား"
ရတီ: "အမ လွန်လာပီနော် ကျွန်မ အမေကို မစော်ကားနဲ့"
ရှင်း "အမှန်တရားဘဲလေ နင့်အမေကြောင့် လူတစ်ယောက်လုံးသေသွားခဲ့ရတာ။ ကိုယ့်ဘာသာသေမှာကိုအေးဆေးမသေဘဲ သူများကိုက ဒုက္ခပေးသွားသေးတယ်"
ရတီ; "ဘာပြောတယ်"
စကားနဲ့ အတူ ရွှေရတီဦး ဒေါသတကြီး ရှေ့တိုးသွားတယ်။ သူမရဲ့ ဒေါသကို အာရုံခံမိတာကြောင့် စိုးယုစံနဲ့ သွန်းနေခြည်က သူမလက်တွေကို တစ်ယောက်တစ်ဖက်လှမ်းဆွဲလိုက်တယ်။
ရှင်းမြတ်မွှေးက သူမကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်တယ်။
ရှင်း; "နင်က မသိတဲ့ ပုံပဲ မသိရင်လည်း ပြောပြမယ် နင်အမေ."
ရှင်းမြတ်မွှေး စကားမဆုံးခင်မှာဘဲ သူမအမေ အခန်းထဲကို ဝင်လာခဲ့တယ်။ သူမက ဝင်လာပြီး အခန်းထဲ အခြေအနေက ပုံမှန်မဟုတ်ကို ချက်ချင်းသတိထားမိသွားတယ်။