အပိုင်း ၂

3.1K 132 0
                                    


လင်းလတ်သစ်လည်း မိထွေးဖြစ်သူထွင်သွားတော့မှ မီးဖိုချောင်ထဲသို့ဝင်ကာချက်ပြုတ်နေတော့သည်။

လင်းလည်းချက်ပြုတ်နေရင်းအိမ်ရှေ့က ဖေဖေအော်သံကြောင့် ကျက်နေပြီးဖြစ်တဲ့ဟင်းအိုးကိုချကာ ဖေဖေဆီအတင်းပြေးသွားကြည့်ရတော့သည်။

"ဖေဖေ ဘာဖြစ်တာလဲဟင် ဟင်ခေါင်းမှာလည်းသွေးတွေပါလား ဘယ်လိုဖြစ်တာတုန်း ဖေဖေရယ်"

"ဟို....ဟိုမှာချိတ်ထားတဲ့ပန်းအိုးပြုတ်ကျတာ အဲ့ဒါဖေဖေ ခေါင်းကိုထိတာ သား"

"လာ လာ သားနဲ့ဆေးခန်းသွားပြမယ်နော်"

"ရပါတယ် သားရယ် အိမ်ကရှိတဲ့ဆေးပဲထည့်လိုက်ပါ ဖေဖေဘာမှမဖြစ်ပါဘူး ဆေးခန်းသွးပြနေရင် သားရဲ့ပိုက်ဆံပိုကုန်မှာပေါ့"

"ပိုက်ဆံမရှိတာက ရှာလို့ရတယ်ဖေဖေရဲ့ ဖေဖေတစ်ခုခုဖြစ်ရင် သားရင်ကျိုးမှာ လာပါဖေဖေရယ်သွားရအောင်နော်"

"အင်းပါ သားသဘောပါပဲကွယ်"

လင်းလည်းဖေဖေကိုခေါ်ပြီးဆေးရုံသိုလာခဲ့တော့သည်။ ကူဖော်လှောင်ဖက်ရအောင် လင်းရဲ့သူငယ်ချင်း ရောင်နီသွေးကိုပါ ဖုန်းနဲ့လှမ်းဆက်ပြီး ခေါ်လိုက်တော့သည်။ရောင်နီသွေးက လင်းရဲ့တစ်ဦးတည်းသော Omega သူငယ်ချင်းလေးပေါ့ လင်း ဘာလုပ်လုပ် သူ့ကိုပဲတိုင်ပင်တာလေ ရောင်နီသွေးကလည်း လင်းကိုအရမ်းခင်တော့ လင်းတိုင်ပင်စရာတွေရှိလို့တိုင်ပင်ရင် ကောင်းရင်ကောင်းတယ်ဆိုရင်ဆိုးတယ်ဆိုပြီးပြောပြတတ်တဲ့သူငယ်ချင်းကောင်းလေးပေါ့

*************

"I sorry but don't want for I need more. ....."

နေခ ရေချိုးခန်းထဲရေချိုးနေတုန်း ဖုန်းလာနေတာကြောင့်  သပတ်ပတ်ပြီးပြန်ထွက်လာခဲ့တော့

"ဟယ်လို....ဘာ...အခု...နင်ဘယ်ဟိုတယ်မှာလဲ အင်းအင်း....ငါအခုလာခဲ့မယ် "

နေခ ဖုန်းပြောပြီး ခနဓာကိုယ်ကရေတွေကိုရေစင်အောင်သုတ်ပြီး အကျီအမြန်လှဲကာ(......)ဟိုတယ်သို့အမြန်ထွက်လာခဲ့တော့သည်။ နေခကားမောင်းရင်း ထွက်နေတဲ့ဒေါသကို ကားစီယာတိုင်ပေါ်သာပုံချလိုက်တော့သည်။

Together with youWhere stories live. Discover now