29

1.7K 79 1
                                    


" လင်းရယ် နင့်ကိုကြည့်ရတာလည်း အားမရလိုက်တာ အစားအသောက်လည်းပုံမုန်မစားဘူး နင်ကိုယ်နင်တစ်ယောက်တည်းလို့မှတ်နေလား နင်ဗိုက်ထဲမှာ ကလေးလေးရှိသေးတယ်လေ"

"အသွေး....ဟင့်....၂ပတ်ရှိပြီ မောင့်ကိုအခုထိမတွေ့သေးဘူး..... အဟင့်....ငါ...အင့်....ငါ...ဘယ်လိုလုပ်ပြီးတော့စားဝင်မှာလဲဟာ"

"ဟင်းးးးး..အင်းပါ...ငါကိုယ်ချင်းစာပါတယ် လင်းရယ်"

မျက်ရည်နဲ့မျက်ခွပ်ဖြစ်နေတဲ့သူငယ်ချင်းကို ရောင်နီးသွေးတစ်ယောက်ပွေ့ဖက်ရင်းသာ နှစ်သိပ်နေမိသည်။

သူ့နေရာမှာ ကိုယ်ဆိုရင်လည်း သူ့လိုပဲဖစ်မိမှာပဲမဟုတ်လား လက်ထပ်ထားတာ တစ်ရက်တောင်မပြည့်သေးဘူး ဆေးရုံပြိုကျတဲ့အထဲပါသွားအပြင် ကိုယ့်မှာသူနဲ့ရတဲ့ကိုယ်ဝန်ပါကျန်ခဲ့သေးသည်မဟုတ်လား ကိုယ်ချစ်ရသောသူမရှိတဲ့အချိန်မှာ ဘယ်လောက်ထိအားငယ်ရလဲ ရောင်နီသွေးအသိဆုံးဖြစ်သည်။

ထိုချိန်

"လင်း"

ခေါ်သံကြောင့်ကြည့်လိုက်တော့ အခုမှဆေးရုံက ဆင်းလာပုံရတဲ့ သော်ဇင်မောင်

သော်ဇင်မောင် ပြောပြီး လင်းဆီကိုပြေလားပြီး လင်းကိုပြေးဖက်လိုက်တော့သည်။မျက်ရည်များနဲ့ လင်းကိုကြည့်ကာ

"အဟင့်...ငါ့ကြောင့်ပါ...အင့်..ဟင့်...ကိုနေ....ငါဆီကိုသာမလာခဲ့ရင်အခုလိုတွေဖြစ်မှာမဟုတ်ဘူး....ဟင့်.....ငါ့ကြောင့်...ဟင့်...ငါ့ကြောင့်ပါ"

"ဟင့်...သော်ဇင့်ကြောင့်လို့လည်းမဟုတ်ပါဘူး....ကိုယ့်ကိုယ်ကိုအပြစ်မတင်နဲ့နော်"

သော်ဇင်တစ်ယောက် လင်းစကားကြောင့် ပိုပြီးဝမ်းနည်လာကာ လင်းကိုဖက်ကာ ငိုတော့သည်။ရောင်နီသွေးလည်း လင်းနဲ့သော်ဇင့်ကိုကြည့်ပြီး မျက်ရည်များဝဲလာရတော့သည်။

"📲~~~Ti~~~Ti~~~Ti~~~Ti~~📲

ရုတ်တရက် သော်ဇင့်ဖုန်းကထမြည်လာတာကြောင့် သော်ဇင်ကိုင်လိုက်မိသည်။ ခေါ်သူကတော့ သော်ဇင့်ကို အသေရရ အရှင်ရရလိုချင်သောသူ အမောင် အာကာပင်ဖြစ်သည်။ ဆေးရုံမှာကတည်းက သော်ဇင့်ကိုသဘောကျကြောင့်ပြောကာ အမျိုးမျိုးမရိုးရအောင် ပျော်ရွင်မှုတွေပေးတဲ့တစိယောက်သောသူဖြစ်သည်။

Together with youWhere stories live. Discover now