37

1.5K 57 1
                                    

"ဦး..... လင်းအဆင်ပြေမှာပါနော်"

"အဆင်ပြေမှာပါ ရောင်လေးရယ် အာကာလည်းနေခကိုဖုန်းခေါ်ထားပါတယ် နေခမကြာခင်လာလိုက်မယ် ရောင်လေးသာ အေးဆေးထိုင်နေပါနော် မပေါ့မပါးကြီးနဲ့ မတ်တပ်ကြီးနေမနေနဲ့နော်  ဗိုက်ထဲက ကလေးလေး တစ်ခုခုဖြစ်မယ်နော်"

ဗိုက်ကြီးတကားကားနဲ့ အငြိမ်မနေဘဲ ခွဲခန်းရှေ့ကော့တော့ကော့တော့လျှောက်နေတဲ့ရောင်နီသွေးကြောင့်် သီဟတစ်ယောက်မှာဗိုက်ထဲကကလေးကိုအကြောင်းပြပြီးထိုင်ခိုင်းမှထိုင်တော့သည်။

ခဏကြာတော့

"လင်း....လင်းအဆင်ပြေရဲ့လား.... သီဟ...လင်းရော...လင်းဘယ်မှာလဲ"

ရောက်ကတည်းက တလင်းတည်းလင်းနေသော နေမင်းခကြောင့် သီဟ တစ်ယောက် သည်းခံစိတ်တွေမရှိတော့ပေ။

"ဖြည်းဖြည်းပြောပါ နေခရယ် မင်းကတရက်စက်ပြောနေတော့ငါက ဘာပြောရမှာလဲ လင်းခုနလေးတင်က ခွဲခန်းထဲဝင်သွားတာ လက်မှတ်ကိုတော့ ငါက အကိုနေရာကထိုးပေးထားတယ် "

"ကျေးဇူးပါကွာ.....မင်တို့အားလုံးကိုငါတကယ်ကျေးဇူးတင်ပါတယ်"

ခွဲခန်းရှေ့မှာ နေခတစ်ယောက် ဖင်မငြိမ်ပေ။ အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက် နဲ့ မြင်နေရတဲ့ သီဟတို့တွေတောင် အမြင်ကပ်သည်။

ခဏကြာတော့ ခွဲခန်းတံခါးဖွင့်လာတာကြောင့် နေခတစ်ယောက် ခွဲခန်းရှေ့က ဆရာဝန်ဆီအပြေးသွားပြီး

"ဆရာ...ဆရာ...ကျနော့်အမျိုးသား....... "

"ဟားဟားဟား.....ဂုဏ်ယူပါတယ် မောင်နေမင်းခ....သားလေးမွေးပါတယ် သားလေးကဖွေးဖွေးဖြူဖြူကြီးနဲ့တကယ်ကိုချစ်စရာကြီးဗျာ မောင်နေမင်းခရဲ့အမျိုးသားကတော့ ခွဲမွေးရတာမို့ ဆေးချိန်နဲ့ အိပ်ပျော်နေပါတယ် ခဏနေ အခန်းထဲဝင်ကြည့်လို့ရပါပြီ "

"သား...သားလေး....သားလေးလား....ဟေ့​ေရာင်တွေငါအဖေဖြစ်ပြီကွ....လင်းကသားလေးမွေးတယ်ကွ....ဟားဟားဟား....ငါအဖေဖြစ်ပြီး....ကျေး...ကျေးဇူးပါဆရာရယ်"

"ရပါတယ်...ကဲ ကျနော့်ကိုလည်းခွင့်ပြုပါဦး"

"ဟုတ်ကဲ့"

Together with youWhere stories live. Discover now