27(zawgyi)

584 12 0
                                    


မနက်နေရောင်ခြည် နွေးနွေးက အဖြူရောင်မွေ့ရာပေါ်မှာအိပ်စက်နေတဲ့ကောင်လေး ၂ယောက်ဆီသို့ကျရောက်လို့နေတော့သည်။

ရောင်နီသွေး နိုးနိုးချင်း အခန်းကိုဝေ့ဝိုက်ကြည့်လိုက်တော့ သူနဲ့မရင်းနှီးတဲ့အခန်းမို့ နောက်ကျိနေတဲ့ခေါင်းကိုခါရမ်းပြီး ဘေဘီဝဲယာကိုကြည့်မိသည်။

"ဟင်"

ရောင်နီသွေးတစ်ယောက်မျက်လုံးတွေပါပြုကျယ်သွားရတော့သည်။သူ့ဘေနားမှာအိပ်နေတဲ့ သီဟမှာ ဘာအဝတ်မှမရှိပြီးတော့သူမှာရောပဲ သူ့တကိုယ်လုံးလည်းကိုင်ရိုတ်ထားသလိုနာကျင်နေတော့သည်။

ရောင်နီလည်း ကုတင်အောက်မှာပြန့်ကျဲနေတဲ့သူ့အဝတ်တွေကိုအမြန်ဝတ်ကာ ဟိုလူကြီး(သီဟထွ၌ခေါင်)မသိခင်အိမ်သို့အမြန်ပြန်လာလိုက်တော့သည်။

🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎

နေမင်းခ တစ်ယောက် အိပ်နေရင်းသူ့ရင်ခွင်ထဲက အနွေးဓာတ်လေး မရှိတာကြောင့် နိုးလာခဲ့သည်။ ရေမိုးချိုးပြီးအောက်ထပ်ကိုဆင်းလာခဲ့တော့သည်။

မီးဖိုချောင်က အသံကြားတာကြောင့် မီးဖိုချောင်ထဲသို့ကြည့်မိသည်။ သူ(နေမင်းခ)ရှပ်အကျီအဖြူကိုအောက်က ဂျင်းဘောင်ဘီအတိုလေးနဲ့တွဲဝတ်ထားတာကြောင့်ခြေထောက်ဖြူဖြူသွယ်သွယ်လေးတွေကိုမြင်နေရတော့သည်။

အကျီက Alpha ဖြစ်တဲ့ နေမင်းခနဲ့ဆိုရင်ကွတ်တိကျပေမယ် လင်းလက်သစ်လို omgeလေးနဲ့ဆိုရင် ဒူးအထက်နားထိရောက်လေသည်။

နေမင်းခလည်း သူလာတာကိုသတိတောင်မရပဲ တကုတ်ကုတ်ချက်ပြုတ်နေတဲ့ ချစ်ရတဲ့သူလေးကိုနောက်ကနေကြည့်ရင်းအသည်းတယားယား နောက်ကနေသိမ်းဖက်လိုက်ပြီး လည်းပင်ကိုတိုးဝှေ့နမ်းရှိက်လိုက်တော့သည်။

"မောင်...နိုးပြီးလား"

"အင်း...မောင်ဘေးမှာ မောင့်မိန်းမလေးမှမရှိတာ"

"ဟီး.....မောင့်အတွက် လင်းမနက်စာလုပ်ပေးချင်လို့ပါ"

"လင်းကလည်း ညကလည်းပင်ပန်းထားသေးတယ်မလား ဘာလို့မနက်အစောကြီး ထလုပ်နေရတာလဲ အိမ်က ကောင်မလေးတွေလုပ်မှာပေါ့ "

Together with youWhere stories live. Discover now