26⚠⚠⚠

2.8K 96 2
                                    


"ထွက်သွား နင်တို၂ယောက်လုံး ထွက်သွား မုန်းတယ် လူယုတ်မာတွေ"

မြတ်သီရိခိုင်တစ်ယောက် အော်ဟစ်ရင်း လင်းလက်သစ်ဆီကို ခုံထက်မှာရှိတဲ့ ပစ္စည်းတွေနဲ့ပစ်ပေါက်လိုက်တာကြောင့် နေမင်းခက သူခန္ဓာကိုယ်နဲ့ ကွယ်ထားလိုက်တော့ ထိုပစ္စည်းတွေက နေမင်းခရဲ့ကျောပြင်နဲ့ထိပြီးအောက်ကိုအကုန်ပြုတ်ကျကုန်တော့သည်။

"သမီး တော်သင့်ပြီ မင်းတို့၂ယောက်ထွက်သွားပေးကြပါ အန်တီတောင်ဆိုပါတယ်"

မြတ်သီရိခိုင်သောင်ကျန်းမှုကြောင့် ဒေါ်သီရိခိုင်အခန်းထဲဝင်လာပြီးသူ့သမီးကို ထိန်းရင်း လင်းနဲ့နေမင်းခကိုပြောလိုက်ခြင်းဖြစ်သည်။

နေမင်းခ လည်း လင်းလက်သစ် လက်ကလေးကိုကိုင်ပြီးထွက်လာခဲ့တော့သည်။ လင်းလက်သသ်ကတော့ တရှုံရှုံငိုရင်းပေါ့။

ထိုနေ့က နေမင်းခတို့ပြန်လာပြီ နောက်တစ်နေ့မှာပဲ ဦးလင်းမြတ်ရှိန်တစ်ယောက်ဆုံးသွားတော့သည်။ လင်း တစ်ယောက်သူ့အဖေဆုံးတော့ ငို့လို့မဆုံးပေ။ မြတ်သီရိခိုင်ကလည်း အဖေနာရေးကိုလာတဲ့ လင်း တို့ကိုလက်မခံတာကြောင့် အဝေးကနေသာ ဖေဖေနာရေးကိုကြည့်ရင်းကြိတ်ငိုခဲ့ရသည်။

နေမင်းခ လည်း လင်းကိုနှစ်သိပ်ပေးရင်ထိုနေက ကုမ္မဏီကိုတောင်မသွားလိုက်ပေ။လင်း နဲ့သာအချိန်ကုန်ဖြစ်ခဲ့သည်။

..........................................

ဒီညက လင်းနဲ့ ကိုစိုင်းရဲ့ မဂ်လာဦးည လင်းအရမ်းစိတ်လှုပ်ရှားမိသည်။ ကိုစိုင်းနဲ့က အတူမနေဖူးတာမဟုတ်ပေမယ့် လင်း စိတ်လှုပ်ရှားတုန်းပင်။

မဂ်လာဦးညမှာ မဂ်လာဇနီးမောင်နှံတွေဘာလုပ်လဲဆိုတာခများတို့လည်းသိမှာပေါ့ ဘယ်ဇနီးမောင်နှံကရော ကုတင်ထက်ထိုင်ပြီးတရားထိုင်မှာလဲ မဟုတ်ဖူးလား

လင်းစိတ်လှုပ်ရှားလွန်းလို့ ကုတင်းထက်ထိုင်ရင်းလက်၂ဖက်ကိုအကြောင့်မဲ့ပွတ်သက်နေမိသည်။ထိုအချိန်အခန်းတံခါးဖွင့်သံကြောင့်ကြည့်လိုက်တော့ အခန်းထဲကိုဒယီးဒယိုင်နဲ့ဝင်လာတဲ့ ကိုစိုင်း
(ဒီမှာ ကိုယ်ပြောချင်တာကလေ တခြားသူတွေကသာ နေခကို နေမင်းခလို့သိတာပါနော် လင်း ကတော့ နေမင်းခရဲ့အရင်နာမည်စိုင်းနောင် (ကိုစိုင်း)လို့ပဲခေါ်တာပါနော်)

Together with youDove le storie prendono vita. Scoprilo ora