အပိုင်း12

2.2K 101 8
                                    


လင်းလည်း သူ့ရင်ဘက်ကိုအားကုန်းဆောင့်တွန်းပြစ်လိုက်ပြီး သူ့အနမ်းတွေကနေရုန်းထွက်လိုက်တော့သည်။ လင်းရဲ့ဆောင့်တွန်းချက်ကြောင့် ဆိုဖာပေါ်ကို ပစ်လည်းကျသွားတော့သည်။ လင်းတွန်းလိုက်လို့ ပစ်လဲကျသွားမဟုတ်ပေ သူ့ဘာသာနောက်သိုအသာလေးပစ်လဲလိုက်ခြင်းသာ သူခန္ဓာကိုယ်ကြီးကို လင်းလိုသေးသေးညှပ်ညှပ် ခန္ဓာကိုယ်လေးက ဘယ်လိုလုပ်ပြီးတွန်းပစ်လို့ရမှာလဲ

လင်းလည်းနှုတ်ခမ်းလေးကိုလက်မနဲ့ဖိသုပ်လိုက်ပြီး

"မသာကြီး...နှာဘူးကြီး"

"ဟား...ဟား...ဟား...ဟား"

လင်းကျိန်ဆဲနေတာကိုပန်းနဲ့ပေါက်သလိုပဲတဟားဟားအော်ရယ်နေတဲ့ နေမင်းခ ကြောင့် လင်းလက်သစ် ဒေါသတိုကထောင်းကနေ ထလာပြီး ဘေးနာကရှိနေတဲ့ အလှပန်းအိုးနဲ့ပစ်ပေါက်လိုက်တော့သည်။

"ခွပ်...အ့"

လင်း မျက်လုံးများပြာဝေသွားရတော့သည်။ သူပစ်လိုက်ရင်ရှောင်မယ်လို့ထင်ထားတာ အခုတော့မရှောင်ပဲ သူပစ်တာကိုညိမ်ညိမ်ကြီးထိုင်နေတာမို့ ပန်းအိုးက သူ့ခေါင်းကို ခွပ်ကနဲ့မြည်အောင်ထိမုန်သွားတော့သည်။

လင်း လက်တွေတဆက်ဆက်တုန်ရီလာတော့သည်။ ပြီးတော့ ခေါင်းငုတ်ပြီးညိမ်နေတဲ့ နေမင်းခရဲ့အနားကိုသွားပြီး

"ခင်...ခင်းများဘာဖြစ်သွားလဲဟင်....ကိုနေမင်းခ...ဟိတ်...ကျနော်ခေါ်နေတယ်လေ"

လင်းလည်း ခေါင်းကိုဒူးနှစ်လုံးကြားထဲထည့်ကာ ခေါင်းငုတ်ထားတဲ့နေမင်းခရဲ့ပုခုံးကိုမထိတထိ တို့ပြီးဖြည့်ဖြည်းချင်းလှုပ်နှိုးလိုက်တော့သည်။ ထိုအခါ နေမင်းခက ​ခေါင်းကသွေးတွေနဲ့ခေါင်းပြန်မော့ကြည့်တော့ လင်း ရင်ထဲစိတ်မကောင်းဖြစ်သွားတော့သည်။

"ခများခေါင်းမှာသွေးတွေထွက်နေတယ် ကျနော်ဆေးထည့်ပေးမယ် ဆေးသေတ္တာကဘယ်မှာလဲ"

လင်းလက်သစ်ရဲ့အမေးကို ဘာမှပြန်မဖြေပဲမီးဖိုဆောင်ဘက်လက်ညိုးသာထိုးပြတာကြောင့်လင်းလည်းမီးဖိုချောင်သို့သာထွက်လာခဲ့တော့သည်။ ပြီးဖိုချောင်ရဲ့သေတ္တာအသေးလေးထဲမှာရှိတဲ့ ရှိတဲ့ ဆေးသေတ္တာပုံးလေးကိုယူပြီး နေမင်းခဆီပြန်လာခဲ့တော့သည်။

Together with youWhere stories live. Discover now