40

1.6K 52 0
                                    


လင်းလက်သစ်တစ်ယောက် မြတ်သီရိခိုင်ပြောတဲ့နေရာကို ကားကိုအမြန်မောင်းလာခဲ့တော့သည်။ မြို့ပြင်ရောက်ဖို့ရာ ၂နာရီကျော်၃နာရီလောက်မောင်းရတာကြောင့် မီးပွိုင့်များကိုဖြတ်မောင်းရတာကြောင့်အချိန်က တော်တော်ကြာသည်။

အခုလည်းနောက်ထပ်မီးနီမိနေသဖြင့်ကားရပ်စောင့်နေရတော့သည်။

မြတ်သီရိခိုင်တစ်ယောက် လင်းလက်သစ်နောက်ကိုလိုက်လာရင်း မျက်ခြေပျက်သွားသောကြောင့် မီးနီမိနေသည့် နေရာက မမောင်းတော့ပဲ နောက်ပြန်လှည့်ကာ ဖြတ်လမ်းက လိုက်တော့သည်။ တကယ်လို့သာ မြတ်သီရိခိုင်တစ်ယောက် သူမ ကားရဲ့ဘေးဖက်ကားကိုသာကြည့်မိရင် သူမအခုလို ကားကိုနောက်ပြန်လှည့်မိမည်မဟုတ်ပေ....။

"ဟင်....အဲ့ဒါ.....မမ.....မမမြတ်သီရိခိုင်မဟုတ်လား....သူပြောတော့...ငါ့ကို.......ဒါဆို....ငါ့ကိုလှည့်စားလိုက်တာလား ......."

လင်းရဲ့အတွေးတွေမဆုံးသေးပေ။ တတီတီမြည်လာတဲ့ဖုန်းကြောင့် လင်ရဲ့အတွေးတွေပျက်တောက်သွားရတော့သည်။ ခေါ်ဆိုသူကိုကြည့်လိုက်တော့ ' ❤ မောင် ❤ ' ဆိုသော contact ကြောင့် လင်း ပြုံးလိုက်မိသည်။

"ဟယ်လို....မောင့် "

📲 "ဟယ်လို...လင်း....ဒီမှာ...သားက လင်းကိုမေးနေပြီ လင်းအခု ဘယ်မှာလဲ မောင်လာခေါ်မယ် "📲

"ရတယ် မောင် လင်း ဘာသာလာခဲ့မယ် လင်းဝယ်စရာလေးတွေရှိလို့ ဝင်ဝယ်နေလို့ပါမောင်ရဲ့"

📲 "ကောင်းပါပြီဗျ.....အော် လင်းပြီးရင် ရုန်ရုန်လေးအတွက်ပါ စားစရာဝယ်လာခဲ့ဦးနော် ေရာင်နီသွေးတို့ရောက်နေလို့ "📲

"အင်းပါ မောင်ရဲ့ လင်းဝယ်လာခဲ့ပါ့မယ်"

ဖုန်းပြောပြီးဒါနဲ့ မီးပွိုင်က မီးစိမ်းပြနေတာမို့ လင်းလည်း မြတ်သီရိခိုင်ပြောတဲ့ မြို့စွန်ကိုမသွားတော့ပဲ တခြားလမ်းကပြန်လှည့်လာလိုက်တော့သည်။

'ရုန်ရုန်' ဆိုတာက အကိုသီဟထွဋ်ခေါင်နဲ့ ရောင်နီသွေးတို့ရဲ့ သားလေး 'သီဟအာရုံဦး' ပါ ချစ်စနိုးနဲ့ ' ရုန်ရုန် 'လို့ခေါ်ခြင်းဖြစ်သည်။ ရုန်ရုန် လေးက အရမ်းချစ်စရာကောင်းတာ စကားကလည်းအရမ်းတတ်သည်။ လင်းရဲ့ သား ' နေအလင်းခ '  ဆိုရင် ရုန်ရုန်လေးလာရင် သူပဲမနိုင်မနင်းထိန်းသည်။ ထမင်းမဲ့ဟင်းမဲ့ကိုထိန်းသည်။

Together with youWhere stories live. Discover now