အပိုင်း ၉

2.3K 95 0
                                    


"ရပါတယ် ကိုယ်က ဒီတိုင်းအမြင်မတော်လို့ ဝင်ကူညီတာပါ"

"ဟို ခင်များ ဗိုက်ဆာလား "

ကြောင်တောင်တောင်နဲ့ပြောလာတဲ့ ထိုကောင်လေးက တကယ့်ကိုချစ်စရာလေးပင်။
နေမင်းခလည်း ခေါင်းညိတ်ပြလိုက်တော့ လင်းကဖေဖေကိုအိမ်ထဲကိုခေါ်သွားပြီးခဏအကြာ ပြန်ထွက်လာကာ

"ဘေအိမ်က အိမ်ကလေးမှာစောင့်နေနော် လင်းစားစရာတွေယူပြီးလာခဲ့မယ်"

နေမင်းခ ခေါင်းပဲညိတ်ပြလိုက်တော့သည်။ နေမင်းခလည်း လင်းပြောတဲ့အတိုင်းထိုအိမ်လေးကိုလျှောက်လာခဲ့တော်သည်။ အိမ်လေးကအရင်အတိုင်းဘာမှမပြောင်းလဲသေးပေ။ အရင်ကသူမိထွေနိုပ်စက်တာတို့ ထိခိုက်ဒဏ်ရာရရင်တစ်စုံတစ်​ယောက်က ခေါ်လာကြနေရာလေးလာနေကြနေရာလေး ဒီအိမ်လေးကသူ့အတွက်တကယ့်ကိုအမှတ်တရရှိစေတယ်

လင်း ကိုနေမင်းခကိုအဲ့အိမ်လေးမြင်ရင် အရင်ကအချိန်တွေကိုသတိရပြီးငိုနေမိမယ်ထင်ခဲ့တာအခုတော့ အိမ်ရဲ့အခန်းလေးကိုကြည့်ပြီးခေါင်းတညိတ်ညိတ်လုပ်နေတာကြောင့် လက်ဖက်ရည်ဗန်းလေးကိုကိုင်ပြီး ထိုလူအနားကိုလျှောက်သွားမိသည်။

"အိမ်ကနည်းနည်းဟောင်းပြီး အထဲကပစ္စည်းတွေလည်းရှုပ်ပွနေတယ်မလား"

လင်းလက်သစ်ရဲ့စကားကို နေမင်းခပြုံးလိုက်မိသည်။ ဒီomegaလေးက သူ့ဘဝနောက်ကြောင်းတွေကိုရေမြေဆုံးတဲ့ရှာမယ်လို့တွေးထားသလားထင်ရသည်။

"ဒီအိမ်ကို ကိုယ်တခါမှမရောက်ဖူးတော့ အိမ်က ဟောင်းလားသစ်လား ကိုယ်မသိဘူး"

"အော် ဟုတ်လား လင်းထင်တာ ကိုနေမင်းခ ဒီအိမ်လေးကိုမြင်ဖူးတယ် ဒီမှာအကို့အတွက် ကော်ဖီနဲ့မုန့်"

"ကိုယ့်အထင် မင်းကိုယ့်ကိုရွဲ့နေတာလား"

"ဘာလို့လဲ လင်းမရွဲ့ပါဘူး"

နေမင်းခ လက်ကနာရီကိုတချက်ကြည့်လိုက်ပြီး

"ခု ည ၁၀ နာရီရှိနေပြီလေ ကော်ဖီနဲ့မုန့်ဧည့်ခံတယ်ဆိုတာက....ကိုယ့်ကိုရွဲ့နေတာလားလို့"

"လင်းက လင်းဖေဖေကိုကူညီခဲ့လို့ပြန်ကူညီပေးချင်ရုံပါ လင်း ကိုနေမင်းခကိုရွဲ့နေတယ်လို့ထင်တာလား"

Together with youWhere stories live. Discover now