43 final

3.7K 77 1
                                    


(5နှစ်​ကျော်ကြာပြီးနောက်)

"မောင့်....အငယ်လေးယောက်ကိုမတွေ့ပါလား သားကြီးကောပဲ"

" အမွှာလေးတွေက သူ့တို့ရဲ့ဖွားဖွားမုန့်လုပ်လို့တဲ့ မြတ်သီရိခိုင်လာ ခေါ်သွားတယ် သားကြီးကခြံထဲမှာ ရုန်ရုန်လေးနဲ့ စာကျက်နေတယ်လေ လင်းရဲ့"

ဟုတ်ပါတယ် လင်းမှာ လွန်ခဲ့တဲ့ 5နှစ်ကျော်လောက်က မောင့်ရဲ့ ဒုတိယ ကိုယ်ဝန်ကိုလွယ်ခဲ့ရတာပါ ပြီးတော့အမွှာလေး၂ယောက်ဖြစ်တဲ့ သားငယ်နဲ့သမီးလေးကိုမွေးခဲ့တယ် မမကလည်း အခြေအနေတွေပြန်ကောင်းလာတာမို့ အရင်လို လင်းတိုမိသားစုကို နှိပ်ချမဆက်ဆံပဲ စိတ်ရင်းကောင်းကောင်းနဲ့ဆက်ဆံခဲ့တယ်

ကလေးမရတတ်တဲ့ မမ ကလင်းတို့သားသမီးတွေက်ုသူ့သားသမီးလေးတွေလိုချစ်နေတာတုန်နေရောပဲ မေမေကပိုဆိုးသည်။ သူမြေးတွေကိုဆူမလို့လုပ်ရင်လုံးဝမကြိုက်ပေ။ အငယ်လေး၂ယောက်ကလည်း ဆူမယ်ရိုတ်မယ်မုန်းသိရင် သူဖွားဖွားကြီးနဲ့ အန်တီဆီအရင်ဦးဆုံးပြေးကြသည်။

ရောင်နီးသွေးတို့မိသားစုလာရင်ပိုဆိုးသည်။ အမွှာ၂ယောက်ကိုထိန်းမနိုင်သိမ်းမရပေ။ သားကြီးက Alphaတစ်ဦးမို့ အေးဆေးတည်ငြိမ်သည်။ ရုန်ရုန်လေးက omegaလေးဖြစ်တာကြောင့် အသားအရေရော ခန္ဓာကိုယ်ပုံစံလေးကအစ ပုပုသေးသေးနဲ့ ဖြူဖြူဖွေးဖွေးနဲ့ တကယ့်ကိုချစ်စရာလေးပေ။

သားကြီးက သားရုန်ရုန်ကိုထိရင်ဆတ်ဆတ်ထိမခံပေ။ ရုန်ရုန်ကိုထိတာနဲ့ ရရာပစ္စည်းကိုနဲ့ ကောက်ရိုတ်တတ်သည်။ ကျောင်းရုံးခန်းရောက်တာကလည်းမနည်းပေ။ ကျောင်းရုံခန်းကခေါ်ရင်လည်းသူ့ဒယ်ဒီကိုသာခေါ်သည်။ သားတို့ရဲ့ဒယ်ဒီကလည်း ဒါကိုပြုံးစိစိနဲ့ ကလေးတွေကိုလုံးဝမဆုံးမပေ။ သားက သူ့ဒယ်ဒီနဲ့တူတာပဲဖြစ်ရမယ် အငယ်၂ ယောက်ကတော့ ဘယ်လိုလာမယ်မသိပေ။

"လင်း ဘာတွေစဥ်းစားနေတာလဲ မောင်ခေါ်နေတာတောင်မကြားဘူး"

"မဟုတ်ပါဘူး မောင်ရယ် သားကြီးအကြောင်းစဥ်းစားနေတာပါ သားကြီးကလေ ရုန်ရုန်လေးကို သဘောကျနေတာလားမသိဘူး"

"အဟင်း ဟုတ်မှာပေါ့ သားကြီးက ရုန်ရုန်လေးကိုထိရင် ဆတ်ဆတ်ထိမခံဘူး အင်း....ကိုယ်တို့တော့ သီဟတို့နဲ့ ခမည်းခမတ်တော်ရတော့မယ်ထင်တယ်"

Together with youWhere stories live. Discover now