အပိုင်း 17

1.9K 83 1
                                    


ဘာမသိ ညာမသိရိုတ်ခံလိုက်ရတာကြောင့် လင်းတစ်ယောက် ကြမ်းပြင်ပေါ်လဲကျနေရင်း သီရိခိုင်ရိုတ်လိုက်လို့ နီရဲသွားတဲ့ ပါးကိုကိုင်ပြီး

"မမ...လင်းကိုဘာလို့ရိုတ်တာလဲ လင်းဘာအမှားလုပ်မိလို့လဲ"

"ဘာအမှားလုပ်လဲ ဟုတ်လား နင့်ငါ့ကို လူကြားထဲမှာအရှက်ခွဲတာလေ နင်မေ့နေပြီလား ကောင်စုပ်ရဲ့ ကဲဟယ် ကဲဟယ်"

လင်းရဲ့တစ်ကိုယ်လုံးကိုထုရိုတ်နေတဲ့ မြတ်သီရိခိုင်ကိုဘယ်သူမှ ဝင်ဆွဲမဲ့သူမရှိသလို့ ဘေးနားမှာရပ်နေတဲ့ ဒေါ်သီရိခိုင်ကလည်း သူ့သမီလုပ်သမျှကိုလက်ပိုက်ပြီးတော့သာ ရပ်ကြည့်နေတော့သည်။

-"နင်မြဲမြဲမှတ်ထား ​​ေနမင်းခက ငါ့အတွက်ပဲ"

---------------

"သား နေခ မင်းကို အဲ့မိသားစုတွေနဲ့မပတ်သတ်ပါနဲ့လို့ အန်တီသုပြောထားတယ်လေ မင်းအခုဘာတွေလုပ်နေတာလဲ ဟမ် နိုင်ငံခြားကို ခဏသွားတာနဲ့ မင်းလုပ်ချင်တာတွေကိုလုပ်ထားတော့တာပဲ "

" မား ခံစားခဲ့ရတာကိုမေ့ပြီးကျနော်ကသူတို့သားအမိကိုခွင့်လွှတ်ပေးရမှာလား အန်တီသု"

"မေ့သင့်ရင်မေ့ရမှာပဲ အဟင့်...ဟင့်...အန်တီသုမှာ...ဟင့်...သားတစ်ယောက်ပဲ....ဟင့်.....ကျန်တော့တာ ဘယ်သူမှမရှိတော့ဘူး....ဟင့်...အန်တီသုကိုမထားခဲ့ပါနဲ့ အဟင့်..."

"အန်တီသုရယ်"

နေမင်းခလည်း တရှုံ့ရှုံ့ငိုနေတဲ့ ဒေါ်နန်းသုသုသော်ကို ရင်ခွင်ထဲထည့်ပြီး ဖက်ထားလိုက်တော့သည်။

ဒီပွဲမှာ နေမင်းခ ဘယ်တော့မှ မရှုံ့ဘူးဆိုတာ အန်တီသုသိအောင် ကျနော်ပြမယ်

---------------

"သား တမန်အိမ်ရှေ့က ဆူညံဆူညံတွေနဲ့ ဘာသံတွေလဲ သွားကြည့်စမ်း"

"ဟုတ် မေမေ"

"မဂ်လာပါ ကိုမြတ်မင်းတမန် တွေ့ရတာဝမ်းသာပါတယ် "

အနက်ရောင်ကားအကောင်းစားကြီးကိုမှီပြီး နက်ပြာရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ထားတဲ့ နေမင်းခက တကယ်ကို ယောကျာ်းပီသလွန်းသည်။ ဘေးနားမှာလည်း နေမင်းခရဲ့ နိုက်ကလပ်တွေ ၊ဘားတွေမှာအလုပ်လုပ်တဲ့ omegaတွေနဲ့ မိန်းကလေးတွေတချို့က သီချင်းအကျယ်ကြီးဖွင်ကာ ကခုန်နေကြတော့သည်။

Together with youWaar verhalen tot leven komen. Ontdek het nu