30

1.7K 68 0
                                    


"ဒေါက်.....ဒေါက်....ဒေါက်"

ဒေါ်မြင့်မြတ်ခင်တစ်ယောက် သားဖြစ်သူမြတ်မင်းတမန်နဲ့မနက်စာစားနေတုန်း အိမ်တံခါးခေါက်သံကြောင့် ထပြီးဖွင့်မိသည်။

"အော် စခန်းမှူတို့ပဲ အိမ်ထဲကိုကြွပါဦး ဘာကိစ္စရှိလို့လဲရှင့်"

"ကျနော်တို့ ဒေါ်မြင့်မြတ်ခင်ဆီကိုလာတာပါ လူသတ်ဖို့အတွက်ကြိုတင်ကြံစည်မှု ဖမ်းဝရမ်းနဲ့အတူလာဖမ်းတာပါ ဒေါ်မြင့်မြတ်ခင်"

( ဥပဒေကိစ္စတွေကိုကိုယ်မသိဘူးနော်စိတ်ထဲရှိတာလျှောက်ရေးထားတာ😊)

"ဘာ...ကျနော့်အမေက ဘယ်သူ့ကို ကြိုတင်ကြံစည်ပြီးသတ်ရမှာလဲဗျ"

"ကိုမြတ်မင်းတမန်စိတ်ကိုလျှော့ပါ ကျနော်တို့မှာ သက်သေတွေရှိပါတယ်ခင်များ ဒေါ်မြင့်မြတ်ခင် ကျနော်တို့နဲ့အတူလိုက်ခဲ့ပေးပါ"

စခန်းမှုလည်း နောက်ကရဲသားတစ်ယောက်ကိုအချက်ပြလိုက်တော့ ထိုရဲသားက ချက်ချင်းဒေါ်မြင့်မြတ်ခင်ရဲ့လက်၂ဖက်ကိုလက်ထိတ်လာခတ်တော့သည်။

"ခင်များတို့ ကျုပ်အမေကိုမခေါ်သွားကြပါနဲ့တောင်းပန်ပါတယ်ဗျာ မခေါ်သွားကြပါနဲ့"

"သားတမန် အမေခေါ်နေတယ်လေ အမေကိုကြည့် အမေဘာမှမဖြစ်ဘူး သားဆီကိုပြန်လာခဲ့မယ် ကြားလား အမေပြောတာကြားလားသား"

"ဟင့်အင်....သားကိုမထားခဲ့ပါနဲ့ အမေ အမေ့"(အဲ့ဒါဆိုနင်ပါလိုက်သွားလေ မသာလေးရဲ့)

🍐🍐🍐🍐🍐🍐🍐🍐🍐🍐🍐🍐🍐🍐

"ဟယ်လို ကြည်ပြာ...ပြော"

".........."

"ဟက်....သတင်းကောင်းပဲ...ငါလည်းအဲ့သတင်ကိုနားထောင်ချင်နေတာ သူ့လိုစိတ်ထားနှု့ညံပြီး omegaတွေကိုအလေးထားတဲ့မိန်းမက ထောင်ထဲဝင်ရတယ်ဆိုတဲ့သတင်းသာ လူမှုကွန်ရက်မှာတတ်လာရင်နင်ဘယ်လောက်ထိ တောင့်ခံနိုင်မလဲကည့်ကြသေးတာပေါ့"

ဒေါ်နန်းသုသုသော်တစ်ယောက် လူယုတ်မာပြုံးပြုံးကာ တစ်ခုသောဖုန်းနံပတ်ကိုရိုတ်ထည့်ကာ ခေါ်ဆိုလိုက်တော့သည်။

ဖုန်းခေါ်ပြီးတော့ ဧည့်ခန်းက ဆိုဖာထက်မှာထိုင်ပြီးအတွေးလွန်နေတုန်း အတွေးထဲဝင်လာတဲ့ကောင်လေးတစ်ယောက်ကြောင့် ဒေါ်နန်းသုသုသော်တစ်ယောက် ချက်ချင်းမတ်တပ်ရပ်လိုက်ကာ

Together with youWhere stories live. Discover now