အပိုင်း23

2.4K 98 0
                                    

"ဘာ...ကိုယ်ဝန်....ဟုတ်လား"

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး အော်ဒါနဲ့ သော်ဇင်ရောနေကောင်သွားပြီလား"

"အင်း...ကောင်းသွားပြီးလေ ဒီမနက်တောင်ဆေးရုံဆင်းသွားတာလေ ဟင်း အဲ့ဟာလေးက ချစ်စရာလေးနော်"

"မင်းစိတ်ဝင်စားရင်လိုက်လေ ငါမတားဘူး"

"မင်းမပြောလဲ ငါကလိုက်မှာပါ မင်းမိန်းမကိုလည်းဂရုစိုက်လိုက်ဦး သွားပြီ"

"အင်း"

အာကာ ထွက်သွားတာနဲ့ နေမင်းခလည်း သော်ဇင့်ဆီဖုန်းခေါ်လိုက်တော့သည်။

"ဟလို သော်ဇင် "

". ......"

"အင်း ရတယ်လေ"

". ......."

" အဲ့အိမ်ကိုသော်ဇင့်ကိုလက်ဆောင်ပေးတယ် သော်ဇင်ကြိုက်တာလုပ်"

". ......"

" အင်းပါ ရတယ် ကိုယ့်လူတွေကိုလိုသလောက်ခေါ်သွားလိုက်"

". ......"

"အင်း အဲ့ဒါဆို ဒါပဲနော်"

". ....."

နေမင်းခလည်းဖုန်းပြောပြီးပြန်လာတော့ ကုတင်ထက်မှာ ထထိုင်နေတဲ့ လင်းကိုမြင်တော့

"လင်းလက်သစ် ကိုယ်မင်းနဲ့ပြောစရာရှိတယ်"

". ...."

လင်း နိူးလာတော့ သူရောက်နေတဲ့အခန်းကို ရင်းနှီးနေသလိုပင် ။ဒါနဲ့လင်းလည်းအခန်းပတ်ပတ်လဲလည်ကိုဝေ့ပတ်ကြည့်နေတုန်း သူ့ဆီကို စကားပြောရင်း​ဖြည်းဖြည်းချင်လျှောက်လာတဲ့ လူကြောင့် လင်း လည်းထိုလူအကြည့်တွေကိုရှောင်လိုက်တော့သည်။

အပေါ်ပိုင်းအဝတ်မပါပဲ စတိုင်ပင်ဘောင်ဘီအနက်ကိုဝတ်ထားသည်။ဒီလူအရှက်မှရှိရဲ့လား။နောက်တစ်ခေါက်မော့ကြည့်လိုက်တော့ ရင်အုံကျယ်ကျယ်အပြင် အမြောင်းထနေတဲ့ဝမ်ဗိုက်က အကြောင်း၆ကြောင်းကြောင့် လင်းမျက်နှာတစ်ခုလုံးထူပူနေမိတော့သည်။

"ဟက် ဘာလဲ အခုမျရှက်နေတာလား"

နီရဲနေတဲ့ သူမျာက်နှာကိုမြင်သွားသည်ထင်သည်။ နေမင်းခပြောလာတဲ့စကားကြောင့်လူက ပိုလို့ပင် ပူထူလာတော့သည်။

Together with youWhere stories live. Discover now