41⚠⚠

2.4K 61 0
                                    

"~~~Happy birthday to you~~~
Happy birthday to you~~~
Happy birthday dear Nay Alinn Kha~~
Happy birthday to you~~~~ ဝေး...ဖြောင်း...ဖြောင်း....ဖြောင်း....ဝေး...ဟေး...ဟေး...."

သား နေအလင်းခလေးကို birthday song ဆိုပြီးတာနဲ့ ကိတ်မှာထွန်းထားတဲ့ ဖယောင်းတိုင်လေးတွေကို နေအလင်းခ လေးက တဖူးဖူးမှုန့်ကာ ကိတ်မုန့်တွေကိုတစ်ယောက်ချင်းစီလိုက်ခွံတော့သည်။

" ဟင်းးးးးအချိန်တွေကကုန်တာအြန်လိုက်တာ လင်းရယ်"

အာကာနဲ့ ဇာနည်မောင်တို့နဲ့ကစားနေတဲ့ ကလေး၂ယောက်ကြည့်ရင်း ရောင်နီသွေးပြောလိုက်သည်။

"ဟုတ်ပါ့ အရင်တုန်းက ငါ့တို့ရဲ့ဗိုက်ထဲမှာပဲရှိသေးတာလေ "

နေအလင်းခလေးနဲ့သီဟအာရုဏ်ဦးလေးကို သော်ဇင်မောင်ကဘာတွေပြောလိုက်လဲမသိပေ။ ခဏကြာတော့ သူတို့ရဲ့သက်ဆိုင်ရာ ဒယ်ဒီဆီကိုပြေးသွားပြီး တိုးတိုးပြောနေကြတော့သည်။

"ပါးပါးနဲ့ရောင်ရောင် သားနဲ့ရုန်ရုန်လေး လေးလေးမောင်မောင်နဲ့ဒီနေ့ညသွားအိပ်မယ်နော်"

"ဟုတ်ရေ"

နေအလင်းခလေးရဲ့စကားကိုမပီတပီနဲ့ထောက်ခံတဲ့ သီဟအာရုဏ်ဦးပါလေ။ ကလေး၂ယောက်ရဲ့စကားကြောင့် အသွေးနဲ့လင်းလည်းတယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်။

အာကာနဲ့သော်ဇင်မောင်တို့ဆီကို သားသားနဲ့ရုန်ရုန်လေးက သွားနေနေကြဆိုပေမယ့် အခုလိုညနေအချိန်တွေတော့ မလိုက်ပေ။အခုဟာက ညဘက်သွားအိပ်မှာဆိုတော့ အရင်ကဆိုရင် 'ပါးပါးကိုမခွဲနိုင်လို့ပါ ' 'ပါးပါးကို လွမ်းလိုပါ ' ပြောနေတဲ့ကလေး၂ယောက်ကအခုလို ပြောလာတော့ လင်းနဲ့အသွေးမှာအံသြော်ရသည်။

ထို့နောက် လင်းနဲ့ အသွေးက သားတွေနဲ့တန်းတူဒူးထောက်ချလိုက်ပြီး

"ရုန်ရုန်လေး သားသား လေးလေးမောင်တို့နဲ့လိုက်သွားရင် ညဘက်တွေကျရင် နို့ဆာရင် နို့စို့လို့မရတော့ဘူးနော်"

အသွေးရဲ့စကားကို လင်းကပါ ထောက်ခံသည့်သဘောဖြင့် ခေါင်းငြိတ်ပြလိုက်သည်။ ကလေး၂ယောက် စဥ်းစားသလိုမျက်လုံးလေးထောင့်ကပ်ကာစဥ်းစားသလိုလုပ်ပြီး

Together with youजहाँ कहानियाँ रहती हैं। अभी खोजें