အပိုင်း 16

2K 95 1
                                    


"မဂ်လာပါ ကိုမြတ်မင်းတမန် ကျန်းမာပါစ"

"မင်း....မင်း...ဟိုအောက်တန်းစားကောင်"

"ကိုမြတ်မင်း သော်ဇင့်သူဌေးကိုဘယ်လိုခေါ်လိုက်တာလဲ"

"ထားလိုက်ပါ သော်ဇင်ရယ် ကိုယ့်လိုအောက်တန်းစားဆီမှာ ၃၀မီလီယမ် အကြွေးတင်နေတာ ဘယ်က အထက်တန်းစားလဲမသိဘူး"

"တောက် ဒါ...ဒါ..မင်းလုပ်တာမလား...မှန်မှန်ပြောစမ်းဟဲ့ကောင်"

"သိရင် ဘာလို့ပြောနေသေးလဲ ဟက်"

"တောက် မင်း...မင်း...... မင်းဆီမှာ ငါ့လက်ဝတ်ရတနာပစ္စကိုမရောင်းနိုင်ဘူး"

မြတ်မင်းတမန်ပြောပြီး စာပွဲခုံးမှာတင်ထားတဲ့ လက်ဝတ်ရတနာအိပ်ကိုယူပြီးထသွားမလို့လုပ်နေတုန်း

"ကိုမြတ်မင်းတမန်သာ အဲ့ပစ္စည်းကို ကျနော့်ဆီကိုမရောင်းဘူးဆိုရင် ခင်များကြိုက်တဲ့နေရာမှာသွားရောင်းနိုင်တယ် ဒါပေမယ့် အဲ့လူတွေက ခင်များအခုလိုတွေလုပ်နေတာကိုခင်များအမေကိုပြန်မပြောဘူးလို့တော့ အာမမခံနိုင်ဘူးနော်"

"မင်း...."

"ကြိုက်တာရွေးလေ ခင်များသဘောပဲ"

"တောက်.....မင်းလုပ်ထားဦးပေါ့"

မြတ်မင်းတမန်လည်းပြောပြီးထွက်သွားတော့သည်။ထိုအခါ သော်ဇင်မှာပြေးလိုက်ပြီး

"ကိုမြတ်မင်း.......ကိုမြတ်မင်း.....သော်ဇင့်သူဌေးကိုဘယ်လိုပြောလိုက်တာလဲ"

"သော်ဇင် မင်းဘာလို့ငါ့လက်ဝတ်ရတနာတိုင်ကိုသူ့ဆီရောင်းရတာလဲ"

"သော်ဇင်ပြော....."

"ခင်များနဲ့ကျနော်ကိစ္စကိုသော်ဇင်မသိဘူးလေ"

မြတ်မင်းတမန်နဲ့သော်ဇင်စကားပြောနေတုန်း ရောက်လာတဲ့ နေမင်းခကြောင့် မြတ်မင်းတမန်လက်သီးကို တင်းနေအောင်ဆုပ်လိုက်တော့သည်။ နေမင်းခကို ပြေးထိုးလို့လည်းမရ ဘာလို့လဲဆို သူ့နောက်မှာပါလာတဲ့ အနောက်တိုင်းဝတ်စုံအနက်ရောင်တွေကိုဝတ်ထားတဲ့လူသန်ကြီး ငါးယောက်ကြောင့်ဖြစ်သည်။

"လာပြန်ပြီလားမင်း"

"ဟက် ဘာလဲအရမ်းလန့်နေတာလား ခင်များထွက်ပြေးချင်တိုင်းကျနော့်လက်ကထွက်ပြေးလို့ရမယ်လို့များထင်နေတာလား....ကျနော့်ဆီက ချေးသွားတဲ့ ပိုက်ဆံကိုခင်များဘယ်လိုဆပ်မှာလဲ"

Together with youWhere stories live. Discover now