28

1.7K 80 1
                                    

TV မှာလာတဲ့အစီအစဥ်ကိုကြည့်ပြီး နှုတ်ခမ်းသားများကွေးသွားသည့်အထိပြုံးလိုက်မိသည်။

" အဟက်....မနက်စောစောသတင်းကောင်းပဲ အဟင်း....နင်တင်မကဘူး နင့်အကောင် ဟိုမသာလေးပါ ပါရမှာ အဟက် အခုတော့ ငါရှင်းစရာတစ်ယောက်ပဲကျန်ပြီးပေါ့ ဟားဟား"

ထိုချိန်

"သမီး သီရိ ဒီနေ့ ထူးထူးဆန်းဆန်း အပြင်တွေထွက်ပြီး TV တွေဘာတွေကြည့်လို့ပါလား အဟင်း...အမေ့သမီးလေးကိုအမေ အခုလို့မြင်ချင်နေခဲ့တာ လာပါဦးအမေ့ဆီကို"

လက်၂ဖက်ကိုဆန့်တန်းပြီးခေါ်နေတဲ့ ဒေါ်သီရိခိုင်ရဲ့ရင်ခွင်ထဲကို မြတ်သီရိခိုင်တစ်ယောက်တိုးဝင်လိုက်ပြီး ဖက်ထားလိုက်သည်။

"ဒီနေ့ သမီးဝမ်းသာစရာသတင်းတစ်ခုမြင်လိုက်ရလို့ပါ မေမေရဲ့ အဲ့သတင်းကြောင့် နောက်ဆိုရင်သမီး အခန်းမအောင်းတော့ဘူး အရင်လိုပဲတတ်တတ်ကြွကြွပဲနေတော့မှာ"

"အဟားဟား...ဟုတ်ပါပြီရှင့် နေပါဦး အဲ့သတင်းကဘာများလဲ"

"အခုတော့ပြောလိူ့မရသေးဘူး နောက်သေချာမှပဲပြောတော့မယ် အဟိ"

"ကောင်းပါပြီရှင့် "

ဘာပဲဖြစ်ဖြစ်လေ သမီးဖြစ်သူက အဲ့နေ့ကကိစ္စပြီးတဲ့နောက်ပိုင်း အခန်းထဲကအပြင်ကိုတောင်သိပ်မထွက်ပေ။ထမင်းကိုတောင်အခန်းထဲသွားပို့မှစားသည်။အမြဲတမ်းတမှိုင်မှိုင်တထွေထွေနဲ့သာ သူ့အဖေဆုံးတော့ ကျန့်ခဲ့တဲ့ ဦးလင်မြတ်ရှိန်ရဲ့ ပစ္စည်များကိုထုခွဲရောင်းချပြီးစားနေခြင်းဖြစ်သည်။

အခုတော့ သမီးဖြစ်သူက အရင်ပြန်ဖြစ်လာတာကြောင့် အနည်းငယ်စိတ်ချမ်းသာမိသည်။ မြတ်သီရိခိုင်ပြောတဲ့သတင်းဆိုတာကိုလည်း သူ့သမီးစိတ်ချမ်းသာအောင်မမေးဖြစ်တော့ပေ။

ဒေါ်သီရိခိုင်တစ်ယောက် သမီးဖြစ်သူမြတ်သီရိခိုင်လူယုတ်မာပြုံးပြုံးလိုက်သည်ကိုတော့မမြင်လိုက်ပေ။

🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕

"စိတ်ထိန်းပါ လင်းရယ် ရဲတွေလည်းရှာနေတာပဲ တွေ့မှာပါ"

"အဟင့်.....အသွေး.... မောင် ငါ့ကိုအရမ်းချစ်တာ သူပြန်လာမှာပါနော် "

Together with youWhere stories live. Discover now