35

1.4K 58 0
                                    

"ရောက်နေတာကြာနေပြီလား "

"အင်း ကြာပြီ ရပါတယ် ကိုယ့်ကလပ်မှာစောင့်ရတာဆိုတော့ ကိစ္စတော့မရှိပါဘူး"

"ဒါနဲ့ ကလပ်ကတိတ်ဆိတ်နေတာပဲ ဒီနေ့ပိတ်ထားတာလား"

"ရှင့်နဲ့ချိန်းထားလို့ ကလပ်ပိတ်ထားတာ"

" ငါ့ကိုချိန်းရတဲ့အကြောင်းကို ဒေါ်နန်းသုသုသော် ပြောပြပေးနိုင်းမလား"

" ကျမက ဒေါ်မြင့်မြတ်ခင်ကိုပြတ်ပြတ်သားသားပဲပြောချင်တယ် ကျေးဇူးပြုပြီး နေခရဲ့ပျော်ရွင်နေတဲ့မိသားစုဘဝလေးကို မဖျတ်ဆီးဖို့ မေတ္တာရပ်ခံချင်တယ်"

"အဟက် အခုတော့မင်းပြောပြီပေါ့ အိပ်ပျော်နေတဲ့ကျားကိုလာနှိုးပြီးမှ အဲ့ကျားကိုအသားမစားပါနဲ့လို့ပြောရင် အဲ့ကျားက အသားမစားပဲနေမလား မင်းပြောကြည့်"

"ဘာပဲဖြစ်ဖြစ် နောက်နောင်ကိစ္စနဲ့ပတ်သတ်လို့ နေခနဲ့မရှင်းပဲ ကျမနဲ့ပဲရှင်းရအောင်ဒေါ်မြင့်မြတ်ခင် "

"မဖြစ်နိုင်ဘူးလို့ထင်တယ် ဘာလို့လဲဆိုရင် မင်းရဲ့တူက ငါတို့သားအမိကိုအရင်စိန်ခေါ်ခဲ့တဲ့သူလေ ပြီးတော့ ငါအခုလို ဝရမ်းပြေးဘဝနဲ့နေရအောင်လည်းမင်းတို့ပဲလုပ်ခဲ့တာကြောင့် မင်းရဲ့ချစ်လှစွာသော တူတော်မောင် နေမင်းခ အော်မှားလို့ ငါ့ရဲ့လင်ပါသားလေ စိုင်းနောင်ကို ပြောလိုက်ပါဦး လာမယ်အသစ်အဆန်လေးတွေအတွက်ကြိုတင်ပြင်ဆင်ထားပါလို့ အော် ပြီးတော့ လင်းလက်သစ်မှာ သူ့ရဲ့ကိုယ်ဝန်ကိုလွယ်ထားရတာဆို သေချာဂရုစိုက်လိုက်ပါဦးလို့လည်းပြောလိုက်ဦးနော်"

ဒေါ်မြင့်မြတ်ခင်ရဲ့စကားကြောင့် နန်းသုသုသော်တစ်ယောက် လက်သီးကိုတင်းနေအောင်ဆုပ်လိုက်မိသည်။ နန်းသုကိုပြောချင်တာတွေပြောပြီး ထပြန်မလို့ပြင်နေတဲ့ ဒေါ်မြင့်မြတ်ခင်ကို နန်းသုရဲ့ဆလင်းဘက်အိပ်ထဲမှာထည့်ထားတဲ့သေနပ်ကိုထုတ်ပြီး ဒေါ်မြင့်မြတ်ခင်ရဲ့ဦးခေါင်မှာချိန်ထားလိုက်တော့သည်။

"ကျမရဲ့တောင်းဆိုမှုကိုလက်မခံရင်တော့ ရှင့်ရဲ့သွားရာလမ်းက သေလမ်းပဲ ဒေါ်မြင့်မြတ်ခင်"

Together with youWhere stories live. Discover now