အပိုင်း ၅

2.4K 106 0
                                    


သီရီ ကားကိုသေချာကြည့်မိသည်။ကားကနောက်ဆုံးပေါ်အလန်းစားဖြစ်သည်။သီရီက ရုပ်ချောတော့ အတော်များများကပိုးကြပန်းကြပေမယ့် သီရီကစိတ်မဝင်စားပေ။ ဘာလို့ဆိုသူ့တို့ကြိုက်တာက သီရီ ခန္ဓာကိုနဲ့အလှအပကိုလေ သီရီကိုတကယ်ချစ်တာမှမဟုတ်တာ ဒါကြောင့်သီရီကိုလာပြီးရည်းစားစကားပြောတဲ့လူဘယ်သဌေးသားမဆို ဝန်ကြီးရဲ့သားမဆို သီရီအမြဲငြင်းခဲ့တယ်။သီရီက သီရီကိုနှစ်နှစ်ကာကာချစ်တဲ့လူကိုပဲလိုချင်တာ ကြက်ဥအခွဲလို့ အပေါ်ယံတွေကိုမလိုချင်ဘူး ကားမောင်းနေတဲလူကိုတချက်ကြည့်ပြီး

"ကိုမြတ်မင်းတမန်လွှတ်လိုက်တာလား"

"မဟုတ်ပါဘူး မမြတ်သီရီခိုင် ကျနော့်ကို သူဌေးလေး နေမင်းခကလွှတ်လိုက်တာပါ ဒီပန်းစည်းက သူဌေးလေးက အမအရမ်းကြိုက်တဲ့ပန်းဆိုပြီး ပေးခိုင်းလိုက်တာပါ"

သီဟ ပေးတဲ့ပန်းစည်းကိုကြည့်ပြုံးလိုက်မိသည်။သီရီအရမ်းကြိုက်တဲ့ သစ္စာပန်းလေးတွေကိုအသေအချာလုပ်ပေးထားတာပဲ ဒီလူကဘယ်လိုကြီးလဲ အရင်တုန်းကလူတွေဆိုရင် ရွေတွေငွေတွေနဲ့မြှားခေါ်တာ ဒါတွေသီရီမှစိတ်မဝင်စားတာ ဒါကြောင့်သီရီအမြဲငြင်းခဲ့တာပေါ့ ဒါပေမယ့်ဒီလူကတော့ တော်တော်ကိုထူးဆန်းတယ်သီရီကျေနပ်အပြုံးလေးပြုံးလိုက်တော့သည်။

"လင်း"

လင်း တစ်ယောက်ခြံရှေ့ကပန်းပင်တွေရေလောင်းနေတုန်း ခြံရှေ့ကခေါ်သံကြောင့်ကြည့်လိုက်တော့

"ဟာ....မမ..."

လင်းရေပိုက်တွေကိုပစ်ချခဲ့ပြီး မမဆီပြေးဖက်တော့သည်။ မမကလည်း လင်းကိုပြန်ဖက်ပြီးကောင်းကိုဖွဖွလေးပုတ်ကာ

"ကြည့်ပါဦး လင်းလေးတောင်အရွယ်ရောက်လာပြီ ဆံပင်ကလည်း မမထက်တောင်ရှည်သေးတယ် လင်းအရမ်းလှလာတယ်နော်"

အကျီလက်ပြတ်လေးအဖြူလေးကို ဂျင်းဘောင်ဘီအ​ဖြူအရှည်လေးနဲ့ဝတ်ထားတာက လင်းနဲ့အရမ်းကိုလိုက်ပြီးချစ်ဖို့လည်းကောင်းနေတော့သည်။ လင်းတို့Aနိုင်ငံက omegaလေးတွေက များသောအားဖြင့် မိန်းကလေးဝတ်စုံကိုဝတ်တာများတယ်လေ အဲ့ဒါကြောင့်လင်းလည်းဒီဝတ်စုံလေးကို ဝတ်ထားခြင်းဖြစ်သည်။(နိုင်ငံကို သိပိပြီးမရေးချင်လို့ပါ A. B. Cလို့သားမှတ်ထားတော့ ကိုယ့်စိတ်ကူးထဲက မို့လို့ပါနော်)

Together with youWhere stories live. Discover now