အပိုင်း25

2K 106 2
                                    

"ဟက်."

ေနမင်းခရဲ့ ခနဲ့တဲ့တဲ့ရယ်သံကြောင့် ဒေါ်မြင့်မြတ်ခင် လည်း နေမင်းခဆီ အကြည့့်စူးစူးတွေပို့လိုက်တော့သည်။

"ကဲ ဒေါ်မြင့်မြတ်ခင် ခင်များက ရှယ်ယာတွေထုတ်ဆိုတော့လည်းထုတ်ရတာပေါ့ မနက်ဖြန်ကျရင် ကျနော့်လူကိုလွှတ်လိုက်ပါ့မယ် ခွင့်ပြုပါဦး"

နေမင်းထ လည်းထွက်သွားမလို့လုပ်နေတုန်း

"နေဦး..."

ဒေါ်မြင့်မြတ်ခင်ရဲ့စကားကြောင့် နေမင်းခလည်း မဲ့ပြုံးလေးတချက်ပြုံးလိုက်ပြီး ဒေါ်မြင့်မြတ်ခင်ဘက်ကိုပြန်လှည့်လိုက်ပြီး

"ဟုတ်ကဲ့ "

"မင်းရဲ့ ရှယ်ယာကို အခုပဲယူသွားလိုက်"

"ကောင်းပါပြီ"

ဒေါ်မြင့်မြတ်ခင် ရဲ့စကားကြောင့် ဒေါ်မြင့်မြတ်ခင်ရဲ့အတွင်းရဲမှုဖြစ်သူ ကိုဌေးမှာ လန့်သွားမိသည်။ ရှယ်ယာ55%ကနည်းတဲ့ပမာဏလား အရင်ကအခုလို ဖြစ်ရင် ရှယ်ယာပြန်ပေးလို့ရပေမယ့် အခုကအရင်လို့မဟုတ်ပေ။

မြတ်မင်းတမန်ရဲ့ ကုမ္မဏီငွေတွေကိုယူပြီးအလွဲသုံးစားလုပ်ထားတာကြောင့် အခုဆိုရင် ကုမ္မဏီမှာ ငွေတစ်ပြားမှမရှိတော့ပေ။ ထိုကိစ္စကို ဒေါ်မြင့်မြတ်ခင်ကိုပြန်ပြောမလို့လုပ်ပေမယ့် မြတ်မင်းတမန်ရဲ့ မိသားစုနဲ့ခြိမ်းခြောက်မှုကြောင့် သူမပြောရဲခဲ့ပေ အခုတော့မပြောမဖြစ်ပြောရတော့မည်။

"သူဌေး အခုရှယ်ယာတွေကိုပြန်ပေးဖို့ ကုမ္မဏီကငွေတွေကို အကိုလေး မြတ်မင်းတမန်က လောင်းကစားတွေလုပ်ထားလို့ ကုမ္မဏီမှာငွေမရှိတော့ပါဘူး "

"ဘာ! မွေးရကျိုးနပ်တဲ့အကောင် တောက် "

ထိုအခါ အစည်အဝေးပွဲကိုလာတဲ့လူတွေကလည်း ကိုဌေးရဲ့စကားကြောင့်တစ်ယောက်တစ်ပေါက်ဖြင့် ကုမ္မဏီရဲ့ငွေတွေကိုယူချင်သလိုယူထုတ်ချင်သလိုထုတ်လုပ်နေတာကြောင့် နောက်နောင်ဒီလိုကုမ္မဏီမှာ ရှယ်ယာထည့်မည့်အရေးကို တော်တော်စဥ်းစားမည်ဖြစ်ကြောင်းကိုလည်းပြောကြတော့သည်။

ရှယ်ယာချင်တွေကလည်း နေမင်းခနဲ့အတူ သူတို့ရဲ့ရှယ်ယာတွေကိုပါ ပြန်လိုချင်တယ်လို့ပြောလာတာကြောင့် ဒေါ်မြင့်မြတ်ခင်တစ်ယောက် တော်တော်ထိတ်လန့်သွားမိသည်။

Together with youWhere stories live. Discover now