33

1.6K 68 1
                                    


"ဘာ...ဘယ်လို...နေခ...ငါ...ငါနားကြားမှာတာတော့မဟုတ်ပါဘူးနော်"

"ဟုတ်တယ် မင်းနားကြားလွဲတာတော့မဟုတ်ဘူး ရောင်နီသွေးမှာ မင်းနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ သီဟ"

"ဟား..ဟား...ဟား...ငါလူဖြစ်ပြီ..နေခ ငါလူဖြစ်ပြီကွ"

နေမင်းခရဲ့ကုမ္မဏီရုံးခန်းထဲမှာ တဟားဟားအော်ရယ်ရင် နေမင်းခကိုလည်း တင်းတင်းကျပ်ကျပ်ဖက်ထားသေးသည်။

"ဟာ မင်းကအခုလူဖြစ်ပြီဆိုတော့အရင်က နွားဖြစ်နေလို့လား မသာရဲ့"

"အခုချိန်မှာမင်းကြိုက်သလိုပြောလို့ရတယ် ဒါပေမယ့် ငါ...ငါ ရောင်နီ့ကိုတွေ့ချင်တယ် အရင်ကဆိုရင် အဲ့ဟာလေးက ငါ့ကိုအတွေ့မခံဘူးကွ ငါ့ကိုအခုထိမျက်ခြေဖျတ်ထားတာသာကြည့်တော့ ပီးတော့ကုမ္မဏီကိစ္စနဲ့လဲပါပါတယ်ကွာ အခုတော့ ငါသူ့ကိုပိုင်ဆိုင်ရတော့မယ် "

"အင်း....မင်းရောင်နီသွေးကို ကြိုက်ပြီးသဘောကျနေတာလား မင်းတို့ဘယ်တုန်းကဖြစ်ခဲ့ကြတာလဲ"

"အင်း...အရမ်းပဲ အမုန်ဆိုရင် ငါမင်းနဲ့ လင်းကိုကျေးဇူးတင်ရမှာ သိလား  ငါတို့ မင်းတို့မဂ်လာပွဲနေ့က ဖြစ်ခဲ့တာလေ အဟက် ငါကအရမ်းစွမ်းတာ တစ်ခါပဲရှိသေးတယ် တစိဗိုက်ကိုရတော့တာပဲ ဟားဟား"

"ဟုတ်ပါပြီကွာ ကဲအခု မင်းငါနဲ့ငါ့အိမ်ကိုလိုက်ခဲ့ ရောင်နီသွေးက ငါ့အိမ်မှာ လင်းက ဗိုက်နဲ့ဆိုတော့စိတ်မချလို့တဲ့ အိမ်မှာခေါ်ထားတာအန်တီသုလည်းရောက်နေတယ်"

"ဟုတ်လား ဒါဆိုသွားကြမယ်လေ"

ပြောပြီးအခန်းထဲကထွက်သွားတဲ့ သီဟကြောင့် နေမင်းခမှာ ကြောင်အကျန်ခဲ့ရတော့သည်။ အခန်းထဲစာရင်းတွေလာပို့တဲ့ သူရမင်းနောင်ကတော့ ရုံးခန်းထဲက ဘွားကနဲ့ထွက်လာတဲ့ သီဟထွဋ်ခေါင်ကြောင့် သူရ လက်ထဲက ဖိုင်စရင်းတွေအကုန်ပြုတ်ကျကုန်တော့သည်။

"အမလေး လန့်လိုက်တာ ကိုသီဟရယ်"

"အဟဲဟဲ sorry ငါညီရယ် အကို့မဂ်လာပွဲကို ငါ့ညီသူရကိုဖိတ်လိုက်ပါ့မယ်ကွ ဟားဟား"

သူရရဲ့ပုခုံးကိုပုတ်ရင်း ကုမ္မဏီကိုလာရင်တစ်ခါမှမပြုံးဖူးတဲ့ သီဟထွဋ်ခေါင်တစ်ယောက် ဒီမနက် အပြုံးတွေ ဖောဖောသီသီပေးပြီးထွက်သွားတာကြောင့် သူရတစ်ယောက်ခေါင်းတစ်ခါခါဖြင့်သာ ပါးစပ်ကလည်း

Together with youWhere stories live. Discover now